ချစ်ဇနီးလေးချက်ပြုတ်ပေးတဲ့ ဖွယ်ဖွယ်ရာရာဟင်းလျာတွေကို ပြုံးပျော်ရွှင်ပြီးမြိန်ရေယှက်ရေစားသောက်နေတဲ့ လင်းလင်း – Myanmar Hot News
30th May 2023

ချစ်ဇနီးလေးချက်ပြုတ်ပေးတဲ့ ဖွယ်ဖွယ်ရာရာဟင်းလျာတွေကို ပြုံးပျော်ရွှင်ပြီးမြိန်ရေယှက်ရေစားသောက်နေတဲ့ လင်းလင်း

ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုနဲ့လက်တွဲနေကြလို့ အရမ်းအားကျဖို့ကောင်းတဲ့ အိမ်ထောင်ရေးလေးပဲဖြစ်ပါတယ်။လင်းလင်းနဲ့ချစ်သုဝေတို့ နှစ်ယောက်လုံးက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး အမြဲတမ်းကြိုးစားနေကြတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်နော်။

ချစ်စရာသမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး မိသားစုလေးယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ အေးချမ်းစွာနေထိုင်နေကြတာပါနော်။ခေတ်နဲ့သစ်လေးကလည်း ချစ်မွှေးပါတဲ့ကလေးလေးတွေဖြစ်လို့ ပရိသတ်တွေကလည်းအရမ်းချစ်ကြပါတယ်။မေမေချစ်သုဝေကတော့ သမီးလေးနှစ်ယောက်ကို ပိုးမွေးသလိုမွေးပြီး သေသေချာချာယုယကြင်နာကာ ပြုစုစောင့်ရှောက်ပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

လင်းလင်းကတော့ ချစ်ဇနီးနဲ့သမီးတွေအတွက် အလုပ်အားတဲ့ရက်တိုင်းမှာ အချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါတယ်။အခုဆိုရင်လည်း လင်းလင်းက ချစ်ဇနီးချောလေးချစ်သုဝေချက်ကျွေးတဲ့ ဖွယ်ဖွယ်ရာရာဟင်းလျာတွေကို မြိန်ရေယှက်ရေစားသောက်နေပြီး ချစ်သုဝေကတော့”ကိုယ်လည်းဒါပဲပေးနိုင်တယ် ချစ်ပါ ဒီထက်ပိုချစ်ပါ နူးညံ့ပါ ပျော့ပျောင်းပါ(ပလာတူးအပြောအရဆို အပိုတွေလုပ်ပါပေါ့အေ)မွေးနေ့ရှင်ပလာတူးအတွက် 2nd postနော်။လက်ဆောင်တွေကတော့ပေးတာ ၂ခါတောင်ရှိပြီ ဆိုတော့..ဟဲဟဲ ဒါပဲပြောမယ် ဟဲဟဲ”ဆိုပြီး ချစ်စရာပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Photo Credit:Chit Thu Wai’s
Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *