
မင်းသမီးချောလေး ဖွေးဖွေးကတော့ ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အမြို့အမြို့အနယ်နယ်ရှိပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ရ ရှိထားသူပါ။ အကယ်ဒမီ ၃ ဆုကို ရရှိပိုင်ဆိုင်ထားပြီး လက်ရှိမှာလည်း ပရိတ်သတ်အကြိုက်ဖြစ်စေမယ့် ဇာတ်ကားကောင်းများစွာကို ရိုက်ကူးထားပါသေးတယ်။

ဖွေးဖွေးဟာ accident ဖြစ်ပြီး ရှပ်ရှင်ဇာတ်ကားတွေ မရိုက်ဘဲ အနားယူထားခဲ့ရာ ယခုအခါ ၆လကြာမှ ပထမဆုံးအနေနဲ့ အချစ်ဇာတ်ကားလေးကို လက်ခံရိုက်ကူးတော့မှာဘဲဖြစ်ပါတယ်။

ဖွေးဖွေးတစ်ယောက်က လွန်ခဲ့တဲ့ နှစ်တွေမှာ အချစ်ကားတွေကိုရှောင်ခဲ့ပြီးသမတ္တကြီးထံသို့ပေးစာလို နိုင်ငံရေးဇာတ်လမ်း မုန်းစွဲလို ဘာသာရေးဇာတ်လမ်း အခြားသရဲကားမေားကိုသာရိုက်ကူးခဲ့ပြီး အခုအခါမှာတော့ အချစ်ကားကို ပြန်လက်ခံရိုက်ကူးမှာဖြစ်ပါတယ်။ love equation ဇာတ်ကားမှာ ဥာဏ်ထက်ပြီး သွက်သွက်လက်လက် ဥာဏ်နီဥာဏ်နက်များတဲ့ကောင်မလေးအဖြစ်တွေ့ရမှာဖြစ်ပါတယ်။ မင်းသားချော ဒေါင်း ပထမဆုံးတွေ့ဆုံ ခြင်းဖြစ်ပြီး ဇာတ်ကားထဲမှာတော့ ဖွေးကဒေါင်းကိုအကြည့်တွေနဲ့ ဖမ်းစားရမှာဖြစ်ပါတယ်။ အမြဲ ပရိတ့သတ်တွေ ကြား အကြည့်စူးရှလို့နာမည်ကြီူခဲ့တဲ့ ဒေါင်းဟာ အခုတစ်ခါတော့ မင်းသမိးချော ဖွေးရဲ့ အကြည့်တွေကို ခံနိုင်မလားဆိုတာစောင့်ုကြည့်ရမှာပါ။
Love Equation ဇာတ်ကားလေးကိုGolden Hour Film Production မှ ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ အောင်မြတ်ရိုက်ကူးမှာဖြစ်ပါတယ်။

ယင်းဇာတ်ကားလေးမှာ သက်မွန်မြင့် ၊ဖွေးဖွေး၊ဆဒါင်း၊ခါရာ၊ထိပ်ထားသခင်တို့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

photo Credit;Phwe Phwe