We love တွေကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ ပိုင်ဖြိုးသု – Myanmar Hot News
22nd March 2023

We love တွေကြောင့် ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ ပိုင်ဖြိုးသု

” မီ “အဖြစ်နဲ့ ပရိတ်သတ်တွေ စွဲလမ်းသွားခဲ့ရတဲ့ ပိုင်ဖြိုးသုဟာ လက်ရှိမှာလည်း အနုပညာ အလုပ်တွေကို မနားတမ်းဆက်လက်လုပ်ကိုင်နေရပါတယ်။

လတ်တလောပရိတ့သတ်တွေကြားရေပန်းစားနေတဲ့ ဇာတ်ကားတွေ ဖြစ်တဲ့ “ထာဝရနှောင်ကြိုး “နဲ့” စပွန်ဆာ” ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ လက်ရှိရုံတင်ပြသနေပြီဖြစ်တဲ့ ” စပွန်ဆာ ” ဇာတ်ကားဟာလည်း ရုံတင်ပြသနေလျက်ရှိပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲထိစေဦးမှာပါ။

မောင်နှမတွေကြားထဲက ၅၂၈ မေတ္တာတွေကို ကောင်းကောင်းကြီး သရုပ်ဖော်ပြထားတဲ့ ထို ဇာတ်ကားလေးမှာ သုသုတစ်ယောက် အထွေးဆုံးညီမလေးဖြစ် နေတိုးနဲ့အပြိုင် သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားလေးရုံတင်တော့ သူမရဲ့ we love တွေက အပြတ်အသတ်ဝန်းရံခဲ့ကြတာပဲဖြစ်ပါတယ်။

ရုံတင်ပြသတဲ့ရက်မှာပဲ we love တွေက အရောက်သွားခဲ့ပြီး အားပေးခဲ့ကြပါတယ်။
သူမရဲ့ we love တွေရဲ့ ပုံရိပ်လေးတွေကို ” ဘယ်နှစ်ခါ လဲကျလဲကျ ပြန်ထဖို့အတွက် နောက်ကွယ်ကအားအင်များ I love you guys Mandalay မှ Vitamin T လေးများလည်း လွမ်းတယ်လို့ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေ ရော ပိုင်ဖြိုးသုရဲ့ ဇာတ်ကားကောင်းတွေကို အားပေးဖို့ အသင့်ဘဲလား..

Source Paing Phyoe Thu

Leave a Reply

Your email address will not be published. Required fields are marked *