ရိုးရိုးအေးအေးလေးနေတက်သော သူမ ယခုအခါမှာတော့ ခပ်မိုက်မိုက်ဒီဇိုင်းလေးနဲ့ တွေ့မြင်ရမယ့် စိုးပြည့်သဇင် – Myanmar Hot News
30th May 2023

ရိုးရိုးအေးအေးလေးနေတက်သော သူမ ယခုအခါမှာတော့ ခပ်မိုက်မိုက်ဒီဇိုင်းလေးနဲ့ တွေ့မြင်ရမယ့် စိုးပြည့်သဇင်

ပရိသတ်ကြီးရေ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။စိုးပြည့်သဇင်က ပရိသတ်တွေရဲ့အချစ်များစွာကို ရရှိထားပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။စိုးပြည့်ကတော့ ပရိသတ်တွေအတွက် အမြဲတမ်းကြိုးစားသွားမယ့် သရုပ်ဆောင်ကောင်းတစ်လက်ပါ။

စိုးပြည့်ရဲ့ ချစ်မကြီးတွေဖြစ်တဲ့ မကြီးစိုး စိုးမြတ်နန္ဒာ စန္ဒီမြင့်လွင်တို့ကလည်း အနုပညာရှင်တွေဖြစ်ကြတာကြောင့် စိုးပြည့်တို့က မျိုးနဲ့ရိုးနဲ့ကို အနုပညာအရည်အသွေးတွေပါလာတာဖြစ်ပါတယ်။ညီအစ်မလေးယောက်လုံးရဲ့ အနုပညာအရည်အသွေးတွေကလည်း တစ်ယောက်တစ်မျိုးစီကောင်းကြလို့ ပရိသတ်တွေကတော့ စိုးညီအစ်မတွေ ဆိုပြီး အသိအမှတ်ပြုအားပေးကြပါတယ်။

စိုးပြည့်ကတော့ ညီအစ်မတွေထဲမှာ အငယ်ဆုံးလေးဖြစ်ပြီး အမတွေစကားကိုလည်း နားထောင်တဲ့သူဖြစ်ပါတယ်။ညီအစ်မလေးယောက်လုံးက တစ်ယောက်တစ်မျိုးစီလှကြပြီး စိုးပြည့်လေးကလည်းအေးချမ်းတဲ့အလှတရားလေးကိုပိုင်ဆိုင်ထားလို့ လူချစ်လူခင်ပေါများပါတယ်နော်။အခုဆိုရင်တော့ စိုးပြည့်က ခပ်မိုက်မိုက်ဒီဇိုင်းလေးနဲ့ ဆိုင်ကယ်ကို ဟန်ပါပါစီးပြီး ချစ်စရာကောင်းနေတဲ့ပုံစံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Soe Pyae Thazin’s Facebook
Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *