
မင်းသမီးချောလေး အကယ်ဒမီပိုင်ဖြိုးသုဟာ ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။သူမကိုချစ်စနိုးနဲ့ ပရိသတ်တွေကသုသုလို့လည်းခေါ်ကြပါတယ်။သုသုရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများမှာလည်း သူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသူတစ်ယောက်ပါ။


သုသုတို့ ဇနီးမောင်နှံဟာ အနပညာလောကမှာ အားကျအတုယူစရာကောင်းတဲ့ လိုက်ဖက်တဲ့အတွဲလေးဖြစ်ပြီး သူမရဲ့ချစ်ခင်ပွန်း ကိုဏကြီးကလဲ သုသု ဖြစ်ချင်တဲ့ဆန္ဒလေးတွေကို အမြဲအကောင်အထည်ဖော်ပေးသူတစ်ယောက်ပါ။တစ်ယောက်ဖြစ်ချင်တဲ့ အရာလေးတွေကိုတစ်ယောက်ကအပြန်အလှန် ဖြည့်ဆည်းပေးရင်းပျော်ရွှင်တဲ့ ဘဝလေးကိုပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလည်းအတွဲ ညီညီ လုပ်ကိုင်နေကြတာပါ။

အောက်တိုဘာ(၂)ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ စပွန်ဆာ ရုပ်ရှင်ဇာတ်ကားရဲ့ Red Carpet Show ကိုလည်း ဇနီးမောင်နှံနှစ်ယောက်အတူ လိုက်ဖက်ညီညီ တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ သုသုရဲ့ပရိတ်သတ်တွေကလည်း သူမကို အားပေးဖို့စောင့်မျှော်နေကြသလို အနီရောင်ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းစွာ လှသွေးကြွယ်နေတဲ့ သုသုရဲ့ အလှပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးတို့အတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

Credit; Myanmarload