
နေတိုးဟာ စွယ်စုံရအနုပညာရှင်တစ်ယောက်အဖြစ် အနုပညာရှင်တိုင်းကပါချီးကျူးနေရသူတစ်ယောက်ပါ။ သူဟာ အကယ်ဒမီထူးချွန်ဆုတွေလည်း ရရှိထားသူထိပ်တန်းမင်းသားတစ်ယောက်ပါ။ သူ့ကိုတော့ ပရိသတ်တွေက ဆယ်စုနှစ်ကျော်တိုင်အောင် ချစ်ခင်အားပေးလျက်ရှိနေတာပါ။


ဒီနေ့လေးကတော့ သရုပ်ဆောင် နေတိုးရဲ့အချစ်ရဆုံးညီလေးဖြစ်တဲ့ သရုပ်ဆောင်မင်းသွေးရဲ့ကွယ်လွန်တာ တစ်နှစ်ပြည့်တဲ့နေ့လေးပါ။ နေတိုးနဲ့မိသားစုဝင်များကလည်း ညီလေးငယ်ရဲ့ ကွယ်လွန်တာတစ်နှစ်ပြည့်ကို ဘုန်းကြီးဆွမ်းကပ်ကာ အလှူအတန်းတွေ ပြုလုပ်ခဲ့ကြတာပါ။


ဒီအလှူလေးကိုတော့ ညီလေးငယ်ကိုချစ်ခင်ကြတဲ့ အနုပညာရှင်များလာရောက်ခဲ့ကြတာပါ။ ဒီပုံရိပ်လေးတွေကိုတော့ မင်းသားနေတိုးရဲ့ တူအရင်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်ထာတာပဲဖြစ်ပြီး ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Credit; Myanmarload