
နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေအရမ်းချစ်ရတဲ့ ရှမ်းတိုင်းရင်းသူ လေးဖြစ်ပြီး ယောကျာ်းလေးပရိသတ်တွေတမ်းတမ်းစွဲအားပေးရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးပဲ ဖြစ်ပါတယ်။

ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပဉ္စလက်ရွာ ဇာတ်လမ်းတွဲ မှ ရေဝတီ ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။

“ငွေစက္ကူ(၇)ရွက် ” ဇာတ်လမ်းတွဲလေးမှာ တစ်ချိန်ကအရောင်းဝန်ထမ်းမလေးကနေ KTV မှာ ဖျော်ဖြေရတဲ့ မဟုတ်မခံဆတ်ဆတ်ကြဲ “သရဖီ” ဆိုတဲ့ ကောင်မလေးအဖြစ်ပရိတ့သတ်တွေ ၇ဲ့ အားပေးမှုကို အပြည့်အဝရရှိထားပါသေးတယ်။

မကြာခင်သီတင်းကျွတ်ကို ရောက်တော့မှာမို့နန်းတစ်ယောက်သူမရဲ့ နယ်မြို့က မိသားစုအိမ်လေးကိုအရမ်းဘဲ လွမ်းဆွတ်လျက်ရှိပါတယ်” သီတင်းကျွတ်ဆို မိသားစုနဲ့ အတူတူ ဖြတ်သန်းချင်တယ် အလုပ်ရှိလာတော့ သီတင်းကျွတ်လဲ အလုပ်လုပ်နေရတာဘဲများတယ် မိသားစုနဲ့ ဝေးသွားတယ် ထီလှည်းက စိုင်းထီစိုင်သီချင်း လေးတွေကြားရင် အိမ်ကို အရမ်းသတိရတာဘဲ နယ်ကကျတော့ တကယ်ဖယောင်းတိုင်လေးတွေ ထွနိး မနက်ဆိုရင် ဆွမ်းကပ် နတ်တွေ ကပ်နဲ့ အဲ့လိုလေးပိုပျော်ပါတယ် ရနိကုန်မှာလို မီးသီးတွေ ထွန်းတာမဟုတ်ဘဲ တကယ်ဖယောင်းတိုင်လေးတွေ အိမ်အနှံ လိုက်ထွန်းကြတာ” ဟု သူမရဲ့ သီတင်းကျွတ် အမှတ်တရ တွေကိုပြောလာပါတယ် ဒီနှစ်သီးတင်းကျွတ်မှာတော့ နန်းတစ်ယောက် ချစ်ရတဲ့ မိသားစုနဲ့ အတူတူ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းးပေးလိုက်ပါတယ်နော်။

Source MC