သားနဲ့သမီးကို ချစ်လွန်းလို့ သားအမိသုံးယောက်ပုံကို လည်ဂုတ်မှာTattooထိုးလိုက်တဲ့ ‌မေမေချောရတနာ – Myanmar Hot News
30th May 2023

သားနဲ့သမီးကို ချစ်လွန်းလို့ သားအမိသုံးယောက်ပုံကို လည်ဂုတ်မှာTattooထိုးလိုက်တဲ့ ‌မေမေချောရတနာ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီချောရတနာဟာဆိုရင် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာခဲ့ပြီး ချစ်ရတဲ့မိသားစုကိုသာ ဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ ချောရတနာရဲ့ သားလေးနဲ့သမီးလေးကလည်း နည်းနည်းအရွယ်ရောက်လာပြီဖြစ်လို့ အနုပညာအလုပ်တွေကိုတစ်နိုင်တစ်ပိုင်လေးပြန်လည်လုပ်ဆောင်နေပါတယ်နော်။

ချောရတနာရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးနဲ့ကလေးတွေအပေါ်ကို လိုလေသေးမရှိအောင်စောင့်ရှောက်ပေးပြီး ချစ်ဇနီးလေးရဲ့မွေးနေ့အတွက်လည်း ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးခဲ့ပါတယ်နော်။ပရိသတ်တွေကတော့ ချောရတနာရဲ့သာယာ‌နွေးထွေးတဲ့မိသားစုဘဝလေးကို အရမ်းအားကျကြပြီး ချောရတနာကိုလည်း ယနေ့အချိန်ထိ တစိုက်မက်မက်အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။

ချောရတနာရဲ့ သားလေးနဲ့သမီးငယ်လေး Co Coကလည်း အရမ်းချစ်စရာကောင်းပြီး တီတီတာတာလေးတွေပြောတတ်လွန်းလို့ ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်။ချောရတနာကတော့ ကလေးနှစ်ယောက်ကို သေချာသင်ကြားပြသပေးပြီး မိခင်မေတ္တာအပြည့်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း သားနဲ့သမီးကို ချစ်လွန်းလို့ သားအမိသုံးယောက်ပုံကို ဂုတ်မှာTattooထိုးလိုက်တာဖြစ်ပါတယ်နော်။

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *