
ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါတည်းက ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မင်းသမီးကြီးဒေါ်ခင်လေးဆွေရဲ့မြေးမလေးဖြစ်ပါတယ်နော်။စမိုင်းလ်က အခုလက်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်နေသလို ကိုယ်တိုင်လည်းရုပ်ရှင်ထုတ်လုပ်ရေးတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။


စမိုင်းလ်က ချစ်ခင်ပွန်းရယ် သမီးနှစ်ယောက်ရယ် အဘွားရယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နွေးထွေးတဲ့မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာပါနော်။စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးကိုအရမ်းချစ်ပြီး ဖြစ်ချင်တဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ပေးကာ အရမ်းရိုတတ်တဲ့အိမ်ထောင်ဦးစီးဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုက မာန်မာနမရှိဘဲ ရိုးရိုးရှင်းရှင်းနဲ့စိတ်ထားဖြူစင်ကြတဲ့ သူတွေဖြစ်ပါတယ်နော်။


အခုဆိုရင်တော့ စမိုင်းလ်က သနပ်ခါးပါးကွက်ကြားလေးနဲ့အရမ်းပဲလှနေပြီး ချစ်ခင်ပွန်းနဲ့အတူ ရွှေလက်တွဲကာ”ကြာသပတေးသား ကိုပြည့်မောင်အတွက် ကြာသပတေးနေ့ရွှေတိဂုံဖူးမျှော်”ဆိုပြီး ဇနီးမောင်နှံနှစ်ယောက် ကြည်ကြည်နူးနူးနဲ့ ဘုရားဖူးကုသိုလ်ယူနေတဲ့ ပုံရိပ်လေးကို ချစ်ရတဲ့ပရိသတ်ကြီးအတွက် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ်နော်။

Credit; Myanmarload