
ပရိသတ်တွေ နှစ်ပေါင်းများစွာ စောင့်မျှော်နေကြတဲ့ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အခုဆိုရင် စတင်ပုံဖော်နေပြီပဲ ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ လူမင်းက ဦးဆောင်ရိုက်ကူးပုံဖော်မှာဖြစ်ပြီး


ဝါရင့်သရုပ်ဆောင်တွေနဲ့အတူတူ သရုပ်ဆောင်သစ်များစွာက သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ (၃၀) ရက်နေ့က စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၃)ရက်နေ့မှာတော့ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်း ဒုတိယနေ့ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်း ဒုတိယနေ့ကို ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရိုက်ကွင်းမှာ အသုံးပြုခဲ့တဲ့ အစားအသောက် အသုံးအဆောင်တွေနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။ အရင်ခေတ်က အသုံးအဆောင်တွေကို သေချာအသုံးပြုဖို့ ပြောဆိုထားပြီး အစားအသောက်တွေမှာလည်း ဗိုလ်ချုပ်တို့က တကယ်ပဲ
ဒီလို စားကောင်းသောက်ဖွယ်တွေ စားခဲ့တာ ဟုတ်ရဲ့လားဆိုပြီး အမြင်အမျိုးမျိုးကို ဆိုရှယ်မီဒီယာမှာ ရေးသားနေကြတာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပရိတ်သတ်တွေက ဗိုလ်ချုပ်ဇာတ်ရုပ်အတွက် မင်းသားကို မိတ်ကပ်လိမ်းတယ်ဆိုပြီး ပြောဆိုဝေဖန်နေခဲ့ကြတာပါ။

အခုလို ဝေဖန်ပြောဆိုမှုတွေ အတွက် တာဝန်ရှိသူများမှ တစုံတရာ ပြောဆိုခြင်း မရှိသေးတာကိုလည်း တွေ့ရပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပက်သက်ပြီး ပရိတ်သတ်ရဲ့ အမြင်တွေကိုလည်း ပြောပေးသွားပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှူပေးတဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်နော်။
Credit; Myanmarload