သားဖြစ်​သူ ​နေရဲ ရဲ့ သိတတ်​မှူ​ကြောင့်​ စိတ်​ချမ်းသာရတဲ့ ခင်​လှိုင်​ – Myanmar Hot News
7th June 2023

သားဖြစ်​သူ ​နေရဲ ရဲ့ သိတတ်​မှူ​ကြောင့်​ စိတ်​ချမ်းသာရတဲ့ ခင်​လှိုင်

ပရိတ်​သတ်​​တွေအတွက်​ ဘဝအ​မော​တွေ စိတ်​ညစ်​စရာ​တွေကို ခဏတာ ​ဖြေ​ဖြောက်​​ပေးနိုင်​တဲ့ ဟာသသရုပ်​​ဆောင်​ လူရွှင်​​တော်​ ခင်​လှိုင်​ကိုပရိတ့သတ်​​တွေသိကြမှာပါ။ သူရဲ့အနုပညာကို လက်​ဆင့်​ကမ်းထားတဲ့ သားဖြစ်​သူ ​နေရဲနဲ့သမီးဖြစ်​သူ သဇင်​ထူးမြင့်​ကိုပရိ​တ်​သတ်​​တွေက အထူးအား​ပေးကြပါတယ်​။

ခင်​လှိုင်​က သားဖြစ်​သူ သရုပ်​​ဆောင်​ ​နေရဲ ဟာ မကြာမီမှာ စတင်​ရိုက်​ကူး​တော့မယ့်​ ​အောင်​ဆန်းရုပ်​ရှင်​မှာ ပါဝင်​သရုပ်​​ဆောင်​ရ​တော့မှာ​ကြောင့်​ ဂုဏ်​ယူမဆုံး​ဖြစ်​​နေပါတယ်​။
နေရဲဟာ ​အောင်​ဆန်းရုပ်​ရှင်​မှာ သခင်​လှမြိုင်​အဖြစ်​ပါဝင်​သရုပ်​​ဆောင်​မှာဘဲ ဖြစ်​ပါတယ်​။ အခုလို မြန်​မာ​တွေအတွက်​ အ​လေးနက်​ထားဂုဏ်​ယူရတဲ့ ရုပ်​ရှင်​ဇာတ်​ကားကြီးမှာသူဖြစ်​သူ ပါဝင်​ခွင့်​ရခြင်းအတွက်​ ခင်​လှိုင်​တစ်​​ယောက်​ အတိုင်းမသိ​ပျော်​​နေခဲ့ပါတယ်​။

အခုလည်း သားဖြစ်​သူ ​နေရဲ ရဲ့ ချစ်းရာ အမှုအကျင့်​​လေး​တွေကို​ပြောပြလာပါတယ်​” သားက ဇာတ်​ကား​တွေထဲမှာသာ ဇာတ်​ကြမ်း​​ပေမယ့်​ အပြင်​မှာ အရမ်းက​လေး ဆန်​ကြီ ချစ်​ဖို့​ကောင်းတယ်​ နယ်​ရှုတင်​​တွေသွားရင်​လည်း ​ပေးလိုက်​တဲ့ မုန့်​ဖိုးကိုဘဲ သုံးတယ်​ သူရဲ့ အနုပညာ အခကိုအကုန်​ပြန်​ကန်​​တော့ချင်​​တော့ သူမသုံးဘူး အိမ်​က သူအ​မေက တစ်​​နေ့ ငါး​ထောင်​ဘဲ​ပေးတာ အဲ့တာ က​လေး နယ်​​တွေ သွားရင်​ ပို​ပေးဖို့ သူအ​မေကို​ပြော​နေရတယ်​ ​ပြောသာ​ပြောတာ ကိုယ်​လည်း ပိုမရဘူး” ဟု ဦးခင်​လှိုင်​က အရွှန်း​ဖောက်​ကာ ​ဖြေသွားခဲ့ပါတယ်​။

မိဘ​ပေါ်သိတတ်​တဲ့ ​နေရဲ တစ်​​ယောက်​ အနုပညာ မှာ ​တောက်​ပတဲ့ ကြယ်​ပွင့်​​လေး တစ်​ပွင့်​ဖြစ်​လာဖို့ဆု​တောင်း​ပေးလိုက်​ပါတယ်​။

Source Cele yatkwat

Leave a Reply

Your email address will not be published. Required fields are marked *