
ပရဟိတ မင်းသမီးလေး အဖြစ်နဲ့ပရိတ်သတ်တွေသိကြတဲ့ ခိုင်နှင်းဝေရဲ့ လိုအပ်တဲ့နေရာတွေမှာတတ်နိုင်သလောက်ဝင်ရောက် ကူညီတတ်သူ စိတ်သဘောထားဖြူစင်သူဆိုတာအထူးပြောစရာမလိုပါဘူးနော်။လက်ရှိမှာလည်း မိဘမဲ့ကလေးသူငယ်လေးတွေအတွက် “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လို့ အမည်ရတဲ့ ဂေဟာလေးကိုတည်ထောင်ကာ ကလေးတွေကို မိခင်ရင်းပမာ ပြုစု စောင့်ရှောက်နေတာဘဲဖြစ်ပါတယ်။

အစဉ်အမြဲ တတ်နိုင်သလောက် ဝိုင်းဝန်းကူညီတတ်လေ့ရှိပြီး သူမရဲ့ မေတ္တာ တရားကြီးမားပုံကို ပရိတ်သတ်တွေက အသိအမှတ်ပြုကာ လေးစားရသးဘဲဖြစ်ပါတယ်။

မကြာသေးခင်ကပင် ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ကိုလည်း အိမ်ဆိုင်ခန်းလေး မတည်ပေးကာ ကူညီပေးခဲ့ပါသေးတယ်။ဒီနေ့မှာတော့ ခိုင်နှင်းဝေက သူမရဲ့ ကလေးတွေရဲ့ အပူအပင်ကင်းကင်းပျော်ရွှင်နေကြပုံကို ပီတီဖြစ်စွာ ပြောထားပါသေးတယ်။

“အလှူကနေအိမ်ပြန် သမီးလေး ခေါ်ပြီး သူ့မောင်လေး ညီမလေးတွေဆီ လိုက်ပို့ပေးတာ သမီးလေးက အငယ်လေးတွေ အများကြီးနဲ့ပျော်ပြီး ဆော့နေတာ အိပ်တောင်မအိပ်ဖူး
မိဘဆိုတော့ သားသမီးတွေအချင်းချင်း အဆင်ပြေနေရင်ကို ပျော်နေရတာ လေ
သားတွေသမီးတွေ အသက်ကြီးတဲ့ထိ ချစ်ချစ်ခင်ခင်နဲ့ နေသွားဖို့လည်း အမြဲ ဆုတောင်းတယ်
ကြည့်ပါဦး ကျမ ဘဝကြီး ဘယ်လောက် စိုပြေနေလိုက်လဲရှင် “ဆိုပြီးကျေနပ်ပျော်ရွှင်နေပါတယ်။
မိခင်စိတ်အပြည့်နဲ့ သူမပြုစုစောက်ရှောက်ထားတဲ့ ကလေးတွေကို တစ်သက်လုံးပျော်ရွှင်စွာကြီးပြင်းလာစေချင်တာဘဲဖြစ်ပါတယ်။

Source Khine Hnin wai