အေးမြတ်သူရဲ့ အလိုက်သိတတ်မှုလေးကြောင့် ပျော်မဆုံးဖြစ်နေတဲ့ ခင်လှိုင် – Myanmar Hot News
28th July 2021

အေးမြတ်သူရဲ့ အလိုက်သိတတ်မှုလေးကြောင့် ပျော်မဆုံးဖြစ်နေတဲ့ ခင်လှိုင်

ပရိတ်သတ်တွေရဲ့ အားပေးခြင်းကိုအပြည့်အဝရရှိထားတဲ့ ဦးခင်လှိုင်ကမင်းသမီးလေး အေးမြတ်သူက သတိတရနဲ့ သူစားချင်နေတဲ့ ဖားဆန်ပြုတ်လေးကို တကူးတက လာပို့ပေးသွားလို့ ပျော်မဆုံးဖြစ်နေပါတယ်။

ခင်လှိုင်ကတော့ “ချစ်စရာကောင်းလိုက်တဲ့ ချစ်ညီမလေး အေးမြတ်သူ နေ့လည်က ဖါးဆန်ပြုတ် စားနေတာလေးတင်ထားတော့ ဆရာစံရေပါဆယ်ဆွဲးခဲ့လို့စလိုက်တာ ခုရန်ကုန်ပြန်ရောက်လို့လေယဉ်ပေါ်ကဆင်းတာနဲ့ ဖုန်းဆက်ပြီးကျွန်တော်အိမ်ရှေ့အရောက်လာပို့သွားတယ် ကျွန်တော်အစာအိမ်နာနေလို့ သိပ်နေမကောင်းတာနဲ့ထမင်းတောင်သိပ်မစားဖြစ်တဲ့အချိန်လေးမှာ ခုလိုစားချင်တာလေးသတိတရနဲ့ဝယ်လာပေးတာ ပျော်လိုက်တာ ကျေးဇူးအများကြီးတင်ပါတယ် အနုပညာမောင်နှမတွေအပေါ် အမြဲးလေးစားချစ်ခင်တတ်တဲ့ ချစ်ညီမလေး အေးမြတ်သူ”ဆိုပြီး အေးမြတ်သူရဲ့သိတတ်မှု လေးကြောင့် ပျော်ရွှင်ခဲ့ရတဲ့အကြောင်း ကိုသူရဲ့ ဖေ့စဘုတ်ပေါ်မှာ တင်ထားခဲ့ပါတယ်။

အေးမြတ်သူကလည်း လူကြီးသူမအပေါ် ဂရုတစိုက်နဲ့ ရှိတတ်တဲ့ မင်းသမီးလေးဘဲဖြစ်ပါတယ်။

Source Khin Hlaing Fb

Leave a Reply

Your email address will not be published. Required fields are marked *