ပိုက်​ဆံ​ပေးတိုင်း​မရိုက်​ဘဲ ဇာတ်​ကား​ရွေးပြီး​မှ​သေချာရိုက်​တဲ့ နိုင်းနိုင်း – Myanmar Hot News
30th March 2023

ပိုက်​ဆံ​ပေးတိုင်း​မရိုက်​ဘဲ ဇာတ်​ကား​ရွေးပြီး​မှ​သေချာရိုက်​တဲ့ နိုင်းနိုင်း

ရုပ်​ရှင်​သရုပ်​​ဆောင်​မင်းသား​ချော နိုင်းနိုင်းက​တော့ ယ​နေ့အချိန်​ထိကို ကျန်းမာတဲ့ ခန္ဓာကိုယ်​ နဲ့ ​ဘော်​ဒီကို ထိန်းထားနိုင်​ပြီး ပရိတ်​သတ်​​တွေအတွက်​ အနုပညာ အလုပ်​​တွေကို လုပ်​ကိုင်​​နေဆဲပါဘဲ။

သားသမီး(၄)ယောက်နဲ့ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားပြီး ဖခင်​​ကောင်း ခင်​ပွနိး​ကောင်းတစ်​​ယောက်​ဖြစ်​တာ​ကြောင့်​ ပရိတ်​သတ်​များရဲ့ ချီးကျူး​လေးစားမှုကို ခံ​နေရသူပါ။

နိုင်းနို်းက​တော့ ဗီဒီယို ဇာတ်​ကား​တွေက​နေ ရုပ်​ရှင်​ ဇာတ်​ကားအချိန်​ထိကို ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို အပြည့်​ အဝရရှိထားတုန်းပါဘဲ သူရဲ့ ဇာတ်​ကားများဟာလည်ုးမြင်​​နေကျနဲ့ ကွဲ ထွက်​ကာ အက်​ရှင်​ဆန်​တဲ့ ဇာတ်​ကားများမှာလည်း စတိုင်​ကျစွာ ​တွေ့ရပါ​သေးတယ်​။

နိုင်းနိုင်း သူ့ရဲ့ အနုပညာ အ​ပေါ် ထားရှိတဲ့ ​တန်​ဖိုးထားမှုနဲ့ လတ်​တ​လော အနုပညာ လှုပ်ရှားမှု​တွေကို​ပြောပြလာပါတယ်​” ကိုယ့်​ကိုကိုယ်​​တော့ ​အောင်​မြင်​တယ်​လို့ မထင်​​သေးဘူး ပရိတ်​သတ်​​တွေ အား​ပေးတာကို​တော့ တကယ်​​ကျေးဇူးတင်​တယ်​ ကိုယ်​တိုင်​လညိး တကယ်​ ​ပေးဆပ်​ပြီး လုပ်​တယ်
အင်​မတန်​မှ သတိထားတယ်​ လာသမျှကား​တွေကိုလည်း ပိုက်​ဆံရပြီး​​ရော မရိုက်​ပါဘူး အ​ပြောတင်​မကပါဘူး တကယ်​လုပ်​တာပါ တကယ်​တမ်း​တော့လည်း အားမရ​သေးပါဘူး အကိုလုပ်​ချင်​တဲ့ ပုံစ​လေး​တွေ ချပြချင်​တာ​တွေ ရှိ​သေးတယ်​ လတ်​၂​လော အနုပညာ လှုပ်​ရှားမှုက ၁၁လပိုင်းမှာ ကားတစ်​ကားရ်ုက်​ဖို့ရှိတယ်​ ​သေချာ ပြန်​​ပြော​ပေးပါမယ်​၁၂လပိုင်းကျရင်​ ​တော့ က​လေး​တွေဆီကိုခနပြန်​ပါမယ်​” ဟု​ပြောသွားပါတယ်။

နိုင်းနိုင်းက​တော့ သူလိုငါလို ပိုက်​ဆံ ရင်​ပြီး​ရော မရိုင်​တတ်​ဘဲ ​သေချာ ဇာတ်​ကားကို စီစစ်​ပြီးမှ ​သေချာရိုက်​တတ်​တဲ့ သူဘဲ ဖြစ်​ပါတယ်​ ​ရှေ့ဆက်​လုပ်​​ဆောင်​သွားမယ့်​ နိုင်းနို​င်းရဲ့ အနုပညာ အလုပ်​​တွေကို အား​ပေးလိုက်​ဦး​နော်​။

Source MC

Leave a Reply

Your email address will not be published. Required fields are marked *