
ရွှေမှုံရတီဟာ အသက်ငယ်ငယ်လေးနဲ့အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ သူမရဲ့ကလေးဆန်တဲ့အမူအရာလေးများဟာလည်း ပရိသတ်တွေကို ချစ်မဝဖြစ်စေတာပါ။ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာပါ။


ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားတာပါ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကအပျောက်ခံလို့မရလောက်အောင်ကို ချစ်ကြတာပါ။ ပရိသတ်တွေကလည်း သူတို့ဇနီးမောင်နှံကိုကြည့်ပြီး အားကျနေရတာပါ။

အခုမှာလည်း နှုတ်ခမ်းလေးကို စူပုပ်နေတဲ့ ပုံရိပ်လေးကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပါ။ ရွှေထူးကလည်းဒီပုံလေးရဲ့အောက်မှာ ပါးဘာမှမလုပ်ဘူးနော် ဆိုပြီး ချစ်စနိုးနဲ့ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ချစ်စရာကောင်းလွန်းတဲ့ ရွှေမှုံရဲ့ပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Credit; Myanmarload