မကြာခင်မိသားစုထဲရောက်လာတော့မယ့်သမီးလေးအတွက် အိပ်ယာလေးကိုပြင်ဆင်ရင်းပီတိတွေဖြာဝေနေတဲ့ သဉ္ဇာနွယ်ဝင်း – Myanmar Hot News
30th May 2023

မကြာခင်မိသားစုထဲရောက်လာတော့မယ့်သမီးလေးအတွက် အိပ်ယာလေးကိုပြင်ဆင်ရင်းပီတိတွေဖြာဝေနေတဲ့ သဉ္ဇာနွယ်ဝင်း

သဉ္ဇာနွယ်ဝင်းဟာ အနုပညာအလုပ်တွေကိုအရင်ကလောက်လှုပ်ရှားမှုတွေမလုပ်တော့ဘဲခင်ပွန်းသည်နဲ့သားလေးကိုသာ အချိန်ပေးနေတာပါ။ သူမရဲ့မိသားစုလေးဟာ အရမ်းကိုကြည်နူးစရာကောင်းပြီး ပရိသတ်တွေရဲ့စံပြမိသားစုလေးအဖြစ်သတ်မှတ်ခြင်း ခံထားရတာပါ။

သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် သားလေးရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုလေးတွေကို မကြာခဏတင်ပေးလေ့ရှိတာပါ။ ဒါ့အပြင် မကြာခင်မှာလည်း သမီးလေးမွေးဖွားတော့မှာ ဖြစ်တာကြောင့် သမီးလေးအတွက် ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်နေတာပါ။

မကြာသေးခင်ကလည်း သူမရဲ့Facebook Myday လေးမှာ ဓာတ်ပုံလေးတစ်ပုံတင်ထားတာပါ။ ဒါကတော့ သမီးလေးအတွက် အိပ်ယာလေးပြင်ဆင်ထားတဲ့ပုံလေးပါ။ အိပ်ယာလေးကိုတော့ မိန်းကလေးတွေကြိုက်တဲ့အရောင်လေးဖြစ်တဲ့ပန်းရောင်လေး ကိုသုံးထားတာပါ။ သဉ္ဇာနွယ်ဝင်းကတော့ သမီးလေးရဲ့အိပ်ယာလေးပြင်ဆင်ရင်း ကြည်နူးနေတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *