
ပရိသတ်ကြီးရေ သားလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မေမေနန်းမြတ်ဖြိုးသင်းဟာဆိုရင် သားလေးနဲ့အတူ ကြော်ငြာလေးတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို နိုင်သလောက်လေးလုပ်ဆောင်နေတာဖြစ်ပါတယ်။သားလေးJack Jackကလည်း ဖေဖေနဲ့ချွတ်စွတ်တူပြီး အရမ်းချစ်ရာကောင်းတဲ့ ကလေးလေးတစ်ယောက်ဖြစ်ပါတယ်နော်။


နန်းမြတ်ကတော့ မိသားစုကို အချိန်လုံလုံလောက်လောက်ပေးပြီးသားလေးကိုဂရုစိုက်နေရတာကြောင့် အနုပညာအလုပ်တွေကိုတော့ ဇောက်ချမလုပ်ကိုင်နိုင်သေးပါဘူးနော်။နန်းမြတ်တို့ရဲ့မိသားစုလေးက နွေးနွေးထွေးထွေးနဲ့ အရမ်းပျော်ရွှင်စရာကောင်းလို့ ပရိသတ်ကြီးကအရမ်းသဘောကျနေကြတာဖြစ်ပါတယ်။

နန်းမြတ်ကလည်း ကလေးတစ်ယောက်အမေလို့ ထင်ရက်စရာမရှိလောက်အောင် အပျိုရှုံးအောင်လှပပါတယ်နော်။ဖြူဖွေးနုဖတ်တဲ့အသားအရည်လေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့မျက်နှာလေးတွေက နန်းမြတ်ရဲ့အလှကိုပိုပြီးပေါ်လွင်စေပါတယ်။အခုဆိုရင်လည်း ချစ်ခင်ပွန်း ကိုတာတာမျိုးက မြန်မာဆန်ဆန်လေးနဲ့လှနေတဲ့ နန်းမြတ်ကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးထားတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Credit; Myanmarlaod