ဇာတ်ကားအတွက်သွားရောက်လေ့လာရင်းနဲ့ စိတ်ကျန်းမာရေးဆေးရုံကြီးမှာ အလှူငွေများလှူဒါန်းခဲ့ကြ တဲ့ပြေတီဦးတို့ဇနီးမောင်နှံ – Myanmar Hot News
24th March 2023

ဇာတ်ကားအတွက်သွားရောက်လေ့လာရင်းနဲ့ စိတ်ကျန်းမာရေးဆေးရုံကြီးမှာ အလှူငွေများလှူဒါန်းခဲ့ကြ တဲ့ပြေတီဦးတို့ဇနီးမောင်နှံ

ပရိသတ်တွေအားလုံးရဲ့အားပေးမှုတွေကို တစ်ခဲနက်ရရှိထားသူကတော့ ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်ဟာ ဆယ်စုနှစ်တိုင်အောင် အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေကြတာပါ။

လက်ရှိမှာတော့ သားငယ်ဖိုးဒီနှင့် သမီးလေး သုသုတို့နှင့်အတူ ပျော်ရွှင်သာယာသော မိသားစုကမ္ဘာလေးအဖြစ်ဖန်တီးတည်ဆောက်ထားကြတာပါ၊ မိခင်ဖြစ်တဲ့ အူဝဲတစ်ယောက်ဟာလည်း ကလေးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေအပြင် သူမကိုချစ်တဲ့ ပရိတ်သတ်တွေအတွက်လည်း အနုပညာအလုပ်တွေကို မနားတမ်းလုပ်ဆောင်နေတဲ့ မိခင်ကောင်းတစ်ဦးပါ။ မကြာခင်မှာလည်း ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးမှတစ်ဆင့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရိုက်ကူးတော့မှာပါ။

လွန်ခဲ့တဲ့နာရီပိုင်းကလည်း အူဝဲရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပုံရိပ်တစ်ချို့ကိုဝေမျှခဲ့တာပါ။ ” “ငရဲဆိုချိုနဲ့လား” ရုပ်ရှင်ဇာတ်ကားအတွက် သွားရောက်လေ့လာရင်း စိတ်ကျန်းမာရေးဆေးရုံကြီးကို အလှူငွေလှူတန်းခဲ့ပါတယ်…” ဆိုပြီးရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *