
ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊ရဲလေး၊မင်းမော်ကွန်းတို့အဖွဲ့က အရမ်းခင်မင်ရင်နှီးကြတဲ့ အနုပညာညီအစ်ကိုတွေဖြစ်ပါတယ်နော်။နေတိုးတို့သူငယ်ချင်းတွေက အနုပညာလောကမှာ အောက်မြင်မှုတွေရရှိနေတဲ့သူတွေဖြစ်သလို ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။


နေတိုးတို့က ပရဟိတဆိုလည်း တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ကူညီပေးတာဖြစ်လို့ နှင်းဆီအငြိမ့်တွေကို ကပြဖျော်ဖြေပြီး ရရှိလာတဲ့ရန်ပုံငွေတွေကို အကူအညီလိုအပ်နေတဲ့နေရာတွေအတွက် လှူဒါန်းမှုပြုပေးနေတာဖြစ်ပါတယ်။အခုတစ်ခါမှာလည်း ရေဘေးသင့်ပြည်သူများကို လှူဒါန်းဖို့အတွက် “နှင်းဆီလှေ”အငြိမ့်ကို ရန်ကုန် မန္တလေး နှစ်နေရာမှာ ကပြဖျော်ဖြေခဲ့ပါတယ်။


နေတိုးတို့ရဲ့နှင်းဆီလှေအငြိမ့်မှာတော့ အပေးအယူမျှတဲ့ပြတ်လုံးတွေကို ပရိသတ်တွေအရမ်းသဘောကျကြပြီး မင်းသမီးချောလေးတွေဖြစ်တဲ့ မိုးယုစံ ဖူးစုံ မေကဗျာ မိုးပြည့်တို့ရဲ့ အကအလှလေးတွေကိုလည်းနှစ်ခြိုက်ကြပါတယ်။အခုဆိုရင်တော့ နေတိုးက”လှူဒါန်းမှုအစုစုတို့အားပရိသတ်များအားလုံးကိုအမျှပေးဝေပါတယ်အမျှရ၍သာဓုခေါ်နိုင်ကြပါစေခင်ဗျာ ထာဝရပါ”ဆိုပြီး အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလာပါတယ်နော်။

Credit; Myanmarload