
ပရိသတ်ကြီးရေ မင်းသမီးချောလေးအကယ်ဒမီ ပိုင်ဖြိုးသုကတော့ အနုပညာကိုဝါသနာအရ ကြိုးစားတာကြောင့် အောင်မြင်မှုတွေဆိုတာလည်း ရရှိလာတာဖြစ်ပါတယ်။ပိုင်ဖြိုးသုရဲ့ ချစ်ခင်ပွန်း ဒါရိုက်တာဏကြီးကလည်း အနုပညာသမားတစ်ယောက်ဖြစ်လို့ ဇနီးမောင်နှံနှစ်ယောက်က ရှေ့သွားနောက်လိုက်ညီပါတယ်နော်။


ပိုင်ဖြိုးသုနဲ့ဏကြီးတို့ ဇနီးမောင်နှံက အသက်၉နှစ်လောက်ကွာပြီး တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြကာ နားလည်မှုအပြည့်ထားရှိကြတာဖြစ်ပါတယ်။ပိုင်ဖြိုးသုကလည်း ချစ်ခင်ပွန်းအပေါ် တစ်ခါတစ်လေ နွဲ့ဆိုးလေးတွေဆိုးတတ်ပြီး ချစ်စရာကောင်းပြုမူတတ်သလို ဒါရိုက်တာဏကြီးကလည်း ချစ်ဇနီးလေးရဲ့သဘောဆန္ဒအတိုင်း အကုန်လိုက်လျောပေးတဲ့ခင်ပွန်းကောင်းပါနော်။


ပိုင်ဖြိုးသုကလည်း ကလေးလေးတစ်ယောက်လို ဖြူစင်စွာလှပတဲ့သူဖြစ်ပါတယ်။စိတ်ထားလေးလည်းဖြူစင်ပြီး သဘောမနောကောင်းတာကြောင့် သုသုလေးကို ချစ်သူခင်သူတွေကအများကြီးရှိပါတယ်နော်။အခုဆိုရင်လည်း သုသုလေးက ကလေးလေးတစ်ယောက်လို ရေခဲမုန့်လေးကိုစားပြီး”ဝိတ်လျှော့တော့မယ် ဝိတ်လျှော့တော့မယ်အော်နေပြီးတော့ ရေခဲမုန့်တွေစားသေးလားညီမလေး”ဆိုပြီး ချစ်စရာပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Credit; Myanmarload