မြန်မာအိုင်ဒေါလ်မှာ Top (10) ဝင်နိုင်မဲ့ အမျိုးသမီးပြိုင်ပွဲဝင် (၄)ယောက်အဖြစ် ပရိတ်သတ်တွေ အခိုင်အမာရရှိထားသူများ – Myanmar Hot News
24th March 2023

မြန်မာအိုင်ဒေါလ်မှာ Top (10) ဝင်နိုင်မဲ့ အမျိုးသမီးပြိုင်ပွဲဝင် (၄)ယောက်အဖြစ် ပရိတ်သတ်တွေ အခိုင်အမာရရှိထားသူများ

လက်ရှိမှာတော့ အဆိုပြိုင်ပွဲတွေ အများအပြား ပေါ်ထွက်လာပြီး အရည်အချင်းရှိတဲ့ အနုပညာကြယ်ပွင့်အဆိုရှင်တွေလည်း မွေးထုတ်ပေးနိုင်လာတယ်လို့ ဆိုရမှာ။ အဆိုပြိုင်ပွဲဝင်တွေထဲကမှ မြန်မာအိုင်ဒေါလ် အဆိုပြိုင်ပွဲကြီးဟာဆိုရင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအားပေးခံရတဲ့ အဆိုပြိုင်ပွဲတစ်ခုပါပဲနော်။ အခုဆိုရင် မြန်မာအိုင်ဒေါလ် အဆိုပြိုင်ပွဲကြီးဟာ (၄)ကြိမ်မြောက် ရောက်ရှိလာခဲ့ပြန်ပါပြီ။

နှစ်တိုင်း Winner ခဲ့တဲ့ အဆိုရှင်တွေဟာ ယောကျာ်းလေး အဆိုရှင်တွေ ဖြစ်တာကြောင့် အခု Season (4) မှာတော့ မိန်းကလေးအဆိုရှင်က Winner ဖြစ်လာမလားဆိုတာကလည်း ရင်ခုန်စရာပါပဲနော်။ပရိသတ်တွေ အားပေးခြင်းခံနေရတဲ့ အမျိုးသမီးပြိုင်ပွဲဝင် အဆိုရှင်တွေထဲကမှ Top (10) ဝင်မယ်လို့ ပရိသတ်တွေထင်ကြေးပေးခံနေရတဲ့ အမျိုးသမီး ပြိုင်ပွဲဝင် (၃) ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။

(၁)အက်စတာဒေါ့သ်ချင်းဆုန်

အက်စတာဒေါ့သ်ချင်းဆုန် ကတော့ ရန်ကုန်အော်ဒီရှင်ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ Golden Ticket ရရှိခဲ့တာပါ။ ပြိုင်ပွဲဝင်ပြီးမကြာခင်မှာပဲ ” We Love Esther Dawt Chin Sung (ဆုန်ဆုန်) ” ဆိုတဲ့ We Love Group ကို ချစ်တဲ့ပရိသတ်တွေက ပြုလုပ်ကာ ဝင်ရောက်သူ (၃၀၀၀)ကျော်ရှိတဲ့အထိ ပရိသတ်အခိုင်အမာရရှိထားတာပါနော်။ ချစ်စရာကောင်းလွန်းတဲ့ ချင်းမလေးတစ်ဦးဖြစ်ပြီး ပရိသတ်တွေက ချစ်စနိုးနဲ့ “ဆုန်ဆုန်” လိုခေါ်လေ့ရှိကြပါတယ်။

ဆုန်ဆုန်ကတော့ ပရိသတ်တွေကသာမက နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အဆိုတော်ယုန်လေး အပြင် တေးရေး၊တေးဆိုညီမင်းခိုင်တို့ရဲ့ ချီးကျူးအားပေးခြင်းကို ခံခဲ့ရသူဆိုလည်း ဟုတ်ပါတယ်နော်။ဆုန်ုဆုန်ရဲ့ ပြိုင်ပွဲဝင် ဗီဒီယိုဖိုင်လေးကတော့ ကြည့်ရှူသူ(၃)သန်းနီးပါ ရှိခဲ့တဲ့အပြင် ဆုန်ဆုန်သာ Top (10) ဝင်ခဲ့မယ်ဆိုရင် ပိုက်ဆံတွေစုကာ Vote ပေးမယ်ဆိုတဲ့အထိ အားပေးခြင်းကို ခံနေရတဲ့သူလေးပါ။

(၂) အေးမြဖြူ

အနယ်နယ်အရပ်ရပ်ကလာရောက်ယှဉ်ပြိုင်သူတွေထဲမှာ ပြိုင်ပွဲဝင်တွေထဲက အသက်ငယ်ဆုံး တစ်ယောက်ဖြစ်တဲ့ အေးမြဖြူကတော့ ကိုယ်တိုင်ဂစ်တာတီးခတ်ကာ နီနီခင်ဇ်ာရဲ့ ” ရက်စက်သွားသူ ” သီချင်းနဲ့ အသံလေးငြိမ်ငြိမ်လေးအပြင် ကိုယ်ပိုင်ဆိုဟန်လေးနဲ့ ဒိုင်တွေရဲ့ ရင်ကို လှုပ်ခတ်နိုင်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းကပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တဲ့ အဆိုရှင်လေးဖြစ်ခဲ့ပြီး အခုဆိုရင် ပရိသတ်တွေရှေ့ကို ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပြန်လည်ထွက်ပေါ်လာတာပါနော်။

သူမရဲ့အသက်ကတော့ (၁၆) နှစ်သာရှိသေးတဲ့အပြင် မိသားစုကလည်း သူမရဲ့ ဝါသနာကို ပံ့ပိုးအားပေးတာကြောင့် အနုပညာအပေါ်အားစိုက်ကာ ကြိုးစားမယ့် ပြိုင်ပွဲဝင်တစ်ယောက်လို့ ဆိုရမှာပါ။ အသက်ငယ်ငယ်လေးနဲ့ ကိုယ်တိုင်တီးခတ်နိုင်ခဲ့ကာ တည်ငြိမ်စွာ ဒိုင်တွေရှေ့မှာ သီဆိုနိုင်ခဲ့တာကြောင့် ပရိသတ်တွေကလည်း အသက်အငယ်ဆုံး Winner ဖြစ်မယ်လို့ ခန့်မှန်းခြင်းခံနေရတဲ့ သူလေးပါ။ ယောကျာ်းလေး ပရိသတ်တွေအများစုရဲ့ ဝန်းရံခြင်းခံနေရတဲ့ ညီမလေးဖြစ်တဲ့အပြင် Season (3) က First Runner Up ဆုရှင် ချမ်းမြေ့မောင်ချိုကလည်း ဝန်းရံအားပေးလျက်ရှိတဲ့ အဆိုပြိုင်ပွဲဝင်တစ်ယောက်ပါပဲနော်။ Top (10) ဝင်ခဲ့မယ်ဆိုရင် အေးမြဖြူဟာ Winner ဖြစ်ကို ဖြစ်လာမှာ လို့ ခန့်မှန်းခြင်းခံနေရတဲ့သူလို့ ဆိုရမှာပါပဲ။

(၃) ချယ်ရီနန်း

မြန်မာအိုင်ဒေါလ် Season( 4 )တောင်ကြီး ပြိုင်ပွဲကနေ ” မျက်နှာများတဲ့မောင် ” Golden Ticket ရရှိခဲ့တာပါ။ လတ်တလော အမျိုးသားထုကြီး သဲသဲလှုပ် ဝန်းရံနေတဲ့ မိန်းကလေးအဆိုပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး မင်းသမီးတွေလို ချောမောလှပတဲ့ ရှမ်းမလေးတစ်ဦးပါပဲနော်။Cover Song လေးတွေအပြင် ကိုယ်ပိုင် သီချင်းလေးတွေကိုလည်း ပရိသတ်တွေကို ချပြလေ့ရှိသူလေး ဖြစ်ပါတယ်။ အဆိုအပိုင်းအပြင် သရုပ်ဆောင်ဘက်ကိုလည်း ဝါသနာပါသူလေးလို့ ဆိုရမှာပါ။သူမယှဉ်ပြိုင်သီဆိုခဲ့တဲ့ ဗီဒီယိုဖိုင်လေးရဲ့ အောက်မှာတော့ မြန်မာတစ်နိုင်ငံလုံးက ကိုကိုတေါမောင်မောင်တွေ ရဲ့ မှတ်ချက်တွေ ကြီးပါပဲနော်။နန်းသာ Top (10) ဝင်ခဲ့မယ်ဆိုရင် အမျိုးသားပရိသတ်တွေရဲ့ အကြိုက်ဆုံး ပြိုင်ပွဲဝင်ဖြစ်လာမှာ မလွဲမသွေပါပဲနော်။

(၄) ဖွေးဖွေးစံ

ဖွေးဖွေးစံကတော့ ကျုံပျော်ကနေ လာရောက်ယှဉ်ပြိုင်သူ ဖြစ်ပါတယ်။ သူမကတော့ အဆိုတော် တင်ဇာမော်ရဲ့ ဧည့်သည် သီချင်းနဲ့ ယှဉ်ပြိုင်ဖျော်ဖြေခဲ့တာ ဖြစ်ပြီး အကဲဖြတ်ဒိုင်တွေရဲ့ ကျေနပ်အားရမှုကို ရရှိခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းကတော့ အရမ်းကို ထူးခြားပြီး ကိုယ်ပိုင်အသံနဲ့ သီချင်းပိုင်ရှင် တင်ဇာမော်ရဲ့ ရှေ့မှာတောင် အားရလောက်အောင် သီဆိုပြနိုင်ခဲ့သူဆိုပြီး ချီးကျူးခဲ့တာ တွေ့ရပါတယ်။ ဆက်လက်ပြီးတော့လည်း တင်ဇာမော်နဲ့ နှစ်ယောက်အတူ ဖျော်ဖြေသီဆိုခဲ့ပါသေးတယ်။ တွေ့ခဲ့သမျှ ယှဉ်ပြိုင်သူတွေထဲ အကောင်းဆုံးတစ်ယောက်ဖြစ်လို့ မြန်မာအိုင်ဒေါရဲ့ Golden Ticket ကိုလည်း ရရှိခဲ့ပါတယ်။

ပရိသတ်ကြီးရော ဘယ်သူ့ကိုာအကြိုက်ဆုံးလဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *