ခရီးထွက်မယ့် သားလေးကို ကိုယ်တိုင်လိုက်ပို့ပေးပြီး နှုတ်ဆက်အနမ်းလေးပေးခဲ့တဲ့ မေမေထွန်းအိန္ဒြာဗိုလ် – Myanmar Hot News
15th October 2021

ခရီးထွက်မယ့် သားလေးကို ကိုယ်တိုင်လိုက်ပို့ပေးပြီး နှုတ်ဆက်အနမ်းလေးပေးခဲ့တဲ့ မေမေထွန်းအိန္ဒြာဗိုလ်

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချော ထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့ အသံပါဝါက ဘယ်သူနဲ့မတူဘဲ တမူထူးခြားပြီး နားထဲစွဲနေစေတဲ့ အသံပိုင်ရှင်ပဲဖြစ်ပါတယ်။သူမသီဆိုထားတဲ့ သီချင်းတိုင်းကိုလည်း ပရိသတ်တွေက ကြိုက်နှစ်သက်ကြပြီး ယနေ့အချိန်ထိနားထောင်နေကြဆဲပါနော်။

ထွန်းအိန္ဒြာဗိုလ်ကတော့ အခုချိန်ထိ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိနေဆဲဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်က ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး တစ်ဦးတည်းသောသားလေးရယ် ချစ်ခင်ပွန်းရယ်နဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်နော်။

ထွန်းအိန္ဒြာဗိုလ်ရဲ့သားချောလေးက ဘက်စုံထူးချွန်ပြီး စွယ်စုံရတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်နော်။ဆယ်ကျော်သက်အရွယ်လေးဖြစ်လို့ မေမေထွန်းအိန္ဒြာဗိုလ်က သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး လိုအပ်သမျှကို ဘေးနားကနေဖြည့်ဆည့်းပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ထွန်းအိန္ဒြာဗိုလ်ကတော့ ခရီးထွက်မယ့်သားလေးကို လိုက်ပို့ပေးပြီး နှုတ်ဆက်အနမ်းလေးပေးကာ ပျော်ရွှင်တဲ့ခရီးလေးဖြစ်ပါစေဆိုပြီး ပြောပြခဲ့ပါတယ်နော်။

Photo Credit:Mi Mi Khine’s Facebook
Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *