ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့ BFF သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကြော်ငြာရိုက်နေတဲ့ ထိပ်ထားလေး – Myanmar Hot News
30th May 2023

ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့ BFF သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကြော်ငြာရိုက်နေတဲ့ ထိပ်ထားလေး

ပရိသတ်တွေရဲ့ အချစ်တော်လေး ထိပ်ထားသခင်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားတဲ့ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး အနုပညာရှင်လေးပဲ ဖြစ်ပါတယ်နော်..။

ကလေးသရုပ်ဆောင်လေးအဖြစ် ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေအပြင် ၀၀ကစ်ကစ်ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်ဖို့ကောင်းသလို အရွယ်လေးနဲ့ မလိုက်အောင် လည်လွန်းတတ်လွန်းတာလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပါနော်..။

ပရိသတ်တွေရဲ့ အသည်းကျော် ထိပ်ထားလေးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို အခမ်းအနားပွဲတွေလည်း တက်ရောက်ဖြစ်နေပြီး ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေပါတယ်နော်..။

အခုတစ်ခါမှာလည်း BFF သူငယ်ချင်းတွေအဖြစ် ပရိသတ်တွေကြားရေပန်းစားနေကြတဲ့ သရုပ်ဆောင်ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကြော်ငြာလေးရိုက်ကူးနေပြန်ပါတယ်နော်..။

ကြောငြာရိုက်ရင်း ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း ထိပ်ထားလေးက ချစ်ပရိသတ်တွေကို အလွမ်းပြေလေးမျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *