
မေဂရေ့စ်ကတော့ ချစ်စရာကောင်းတဲ့ စတိုင်မိုက်မိုက်လေးနဲ့ မော်ဒယ်မလေးပါ။လှပတဲ့ အသားအရေနဲ့ ဘိုဆန်ဆန် အလှကို ပိုင်ဆိုင်ထားသူပါ။ကြော်ငြာတွေ၊Show တွေမှာ သူမကို အတွေ့များပါတယ်။မော်ဒယ်အလုပ်ကိုပဲ အဓိကထား လုပ်ကိုင်တာကို တွေ့ရပါတယ်။

သူမရဲ့ ချောမောလှပတဲ့ မျက်နှာလေးရဲ့ ကျစ်လစ်လှပ တဲ့ Body ကြောင့်လည်း သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။
သြစတျေးလျနိုင်ငံမှာ ပညာသင်ယူကာ ဘွဲ့ရရှိခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ကိုယ်နေကိုယ်ဟန်ဆွဲဆောင်မှုရှိကာ စကားသံဝဲဝဲလေးနဲ့ ပုရိသတွေကိုဖမ်းစားနိုင်တဲ့ မေဂရေ့စ် ဟာ ဒေါင်းရဲ့ Fan တစ်ယောက်ဖြစ်ကြောင်း သူမရဲ့ Instagram ကနေ ဖော်ပြခဲ့ပါတယ်။ဒေါင်းနဲ့ တွဲရိုက်ထားတဲ့ ပုံရိပ်လေးကို တင်ထားကာ Fan Girl ဆိုတာကိုပါ ရေးသားခဲ့ပါတယ်။
ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာပါ။

တက်သစ်စဖြစ်ပေမယ့်အမျိုးသမီးပရိသတ်တွေ အများဆုံးအားပေးဝန်းရံခံရတဲ့သူပဲ ဖြစ်ပြီး သရုပ်ဆောင်ချက်တွေပီပြင်မှုကြောင့် အချိန်တိုတိုနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိခဲ့တဲ့သူလို့ဆိုနိုင်ပါတယ်။

မကြာသေးမီကလည်း အနုပညာရှင်များစွာပါဝင်တင်ဆက်တဲ့ ရေဘေးသင့်ရန်ပုံငွေ ဘောလုံးပွဲမှာ ဒေါင်းလဲပါဝင်ခဲ့ပါတယ်။
လတ်တလောမှာ လည်း ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ” European Film Festival ” ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။ပရိသတ်ကြီးရော ဒေါင်းရဲ့ ပရိသတ်လားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။
Credit; Myanmarload