သီရိဆွေရဲ့သားလေးမွေးနေ့ပွဲမှာစက်ရုပ်လေးတွေမောင်းနေကြရင်းပျော်ရွှင်နေကြတဲ့ စိုင်းစိုင်းနဲ့ရွှေကစ် – Myanmar Hot News
22nd March 2023

သီရိဆွေရဲ့သားလေးမွေးနေ့ပွဲမှာစက်ရုပ်လေးတွေမောင်းနေကြရင်းပျော်ရွှင်နေကြတဲ့ စိုင်းစိုင်းနဲ့ရွှေကစ်

အနုပညာလောကမှာ ထိပ်ဆုံးမှရပ်တည်နေကြသူတွေကတော့ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ဝတ်မှုန်ရွှေရည်ပါ။ သူတို့နှစ်ဦးလုံးဟာ ပရိသတ်တွေအခိုင်အမာနဲ့ဆယ်စုနှစ် နှစ်စုတိုင်အောင် အောင်မြင်မှုတွေရရှိထားကြသူတွေပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြတာပါ။

သူတို့နှစ်ယောက်တွဲပြီးရိုက်ကူးခဲ့တဲ့​ ကြော်ငြာများဟာလည်း အားလုံးရဲ့စိတ်ဝင်စားမှုတွေကိုရရှိထားတာပါ။ သူတို့နှစ်ယောက်လုံးရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် ပရိသတ်တွေကို ​ဝေမျှလေ့ရှိကြတာပါ။ အခုတစ်ခါမှာလည်း ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။

ဒါကတော့ အဆိုတော် သီရိဆွေရဲ့သားလေး (၅) နှစ်ပြည့်မွေးနေ့လေးကို တက်ရောက်ခဲ့ကြတာပါ။ ဒီပွဲလေးမှာတော့​ သူတို့နှစ်ယောက်လုံးဟာ Transformers ဇာတ်ကားထဲကစက်ရုပ်ကြီးတွေကိုကိုယ်တိုင်မောင်းကာပျော်ရွှင်နေကြတဲ့ ဗီဒီယိုလေးပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Sai Sai Kham Leng and Wutt Hmone Shwe Yi’s Facebook
Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *