
တစ်ချိန်က မြန်မာဗီဒီယို ဇာတ်ကားတွေမှာ သူရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်ကြား အားပေးမှုအခိုင်အမာရရှိထားသူဘဲဖြစ်ပါတယ်။ ပရိတ်သတ်တွေချစ်တဲ့ မိုးအောင်ရင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ဆေး ခြောက် မှုဖြင့် ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံခဲ့ရပါတယ်။ အောင်မြင်နေဆဲအချိန်မှာ ယင်းသို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဟာ အနုပညာရှင်တစ်ယောက် အတွက် သေမိန့်နဲ့ မခြားဘဲ ဖြစ်တာမို့ အနုပညာ ရှင် အသိုင်းအဝိုင်းရော သူ့ရဲ့ ပရိတ်သတ်တွေပါ ယူကြူံးမရဖြစ်ခဲ့ပါတယ်။သို့ပေမယ့်လည်း ကံကောင်းစွာနဲ့ နိုင်ငံတော်သမ္မတကြီး၏ တတိယအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ မိုးအောင်ရင် တစ်ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။


လက်ရှိမှာတော့ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ သုံးယောက်ပေါင်းလောင်းကျော် ဇာတ်ကားဟာလည်း လာမည့် ၂၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ မိုးအောင်ရင်က ဖိုက်တင်ခန်းတွေ အတွက် ခန္ဓာကိုယ် ကြံခိုင်မှုရှိအောင်လည်း လေ့ကျင့်နေတယ်ဆိုပါတယ်” ကျွန်တော့ မက်းသားစဖြစ်ကတည်းက ထိုးရတွေဘာတွေဆို မလှဘူး အဲ့တုန်းက သင်ဖို့အချိန်မရှိခဲ့ပြီး ကျွန်တော့ အထဲမှာလည်း စဉ်းစားခဲ့တယ် ငါအမှားတွေ ဘယ်လိုပြင်မလဲ လိုအပ်ချက်တွေကို ဘယ်လိုပ်ပြန်ဖြည့်မလဲဆိုတာ အခုတော့ လက်ဝှေ့ထိုးနေတယ် လူလည်း ၂၅ပေါင်လောက်တက်လာတော့ ပြန်ချနေရတယ် အခု ၁၀ပေါင်လောက်ကျသွားပါပြီ ဖြစ်နိုင် ၇င် ဗလတွေနဲ့ six packs တွေနဲ့လိုချင်တာပေါ့ လောလောဆယ်တော့ ဝိတ်အရင်ချနေရတယ်”

မိုးအောင်ရင်တစ်ယောက်ကတော့ သူ့ရဲ့ အနုပညာ အတွက် လိုအပ်တဲ့ ဝမ်းစာကို ပြည့်အောင်ဖြည့်နေတာဘဲဖြစ်ပါတယ်။ ဘဝကို တစ်က ပြန်စပြီး အကောင်း ဆုံး ကြိုးစား လုပ်ကိုင်နေတဲ့ မိုးအောင်ရင်ရဲ့ အနုပညာ ကို အားပေးလိုက်ဦးနော်။

Source MC