စိတ်​ကိုအရှင်းဆုံးထားကာ အမှားသိပြီး အမှန်​ကိုပြန်​ပြင်​ဆင်​​နေတဲ့ မိုး​အောင်​ရင် – Myanmar Hot News
31st May 2023

စိတ်​ကိုအရှင်းဆုံးထားကာ အမှားသိပြီး အမှန်​ကိုပြန်​ပြင်​ဆင်​​နေတဲ့ မိုး​အောင်​ရင်

တစ်​ချိန်​က မြန်​မာဗီဒီယို ဇာတ်​ကား​တွေမှာ သူရဲ့ ပီပြင်​လှတဲ့ သရုပ်​​ဆောင်​မှု​တွေ​ကြောင့်​ ပရိတ်​သတ်​ကြား အား​ပေးမှုအခိုင်​အမာရရှိထားသူဘဲဖြစ်​ပါတယ်​။ ပရိတ်​သတ်​​တွေချစ်တဲ့ မိုး​အောင်​ရင်​က​တော့ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်​က ​ဆေး​ ခြောက်​ မှုဖြင့်​ ​ထောင်​ဒဏ်​ ၁၇ နှစ်​ချမှတ်​ခံခဲ့ရပါတယ်။သို့​ပေမယ့်​လည်း ​ကံ​ကောင်းစွာနဲ့ နိုင်ငံတော်သမ္မတကြီး၏ တတိယအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ မိုး​အောင်​ရင်​ တစ်​​ယောက်​ ပြန်​လည်​လွတ်​​မြောက်​လာခဲ့ပါတယ်။
မိုး​အောင်​ရင်​ ဟာ လက်​ရှိမှာ အနုပညာ အလုပ်​များစွာကိုပြန်​လည်​လုပ်​ကိုင်​​နေပြီ အ​ကောင်းဆုံး ကြိုးစား​နေတာဘဲဖြစ်​ပါတယ်​။

ပြန်​ထွက်​လာပြီးမှ ရုပ်​ရှင်​ဇာတ်​ကားများကိုလည်း ကြိုးစားရိုက်​ကူး​နေပြီး မကြာမီ သူရဲ့ ဇာတ်​ကား​တွေကို ပရိတ်​သတ်​ကြည့်​ရ​တော့မှာပါ
မိုး​အောင်​ရင်​က ” ကျွန်​​တော်​က စိတ်​ကိုအရှင်းဆုံးထားတယ်​ စိတ်​ကမရှင်းရင်​လူလည်း အရွယ်​ကျတယ်​​ထောင်​ထဲမှာတုန်းကလည်း အဲ့လိုဘဲ အဓိက စိတ်​ ရှုပ်​​အောင်​ မ​နေဘူး ကျွန်​​တော်​ ​တွေးတယ်​ အချိန်​ရ​တော့​လေ ကျွန်​​တော်​မှားခဲ့တာ ရှုတင်​​နောက်​ကျခဲ့တာ မထင်​မဲ့မြင်​ပြုခဲ့တာ​တွေ ကျွန်​​တော်​ ပြန်​ပြက်​ဆင်​​နေတယ်​ အခုလည်း စိတ်​ရှင်းရှင်းနဲ့ ကျွန်​​တော်​ ဘဝကို အစက​နေပြန်​ကြိုးစား​နေတယ်​” ဟု​ဆိုလာပါတယ်​။

ပရိတ်​သတ်​​တွေလည်း မိုး​အောင်​ရင်​ရဲ့ သုံး​ယောက်​​ပေါင်း​လောင်း​ကျော်​ ဇာတ်​ကားဟာလည်း မကြာမီ ရုံတင်​​တော့မှာဖြစ်​ပါတယ်​။

Source MC

Leave a Reply

Your email address will not be published. Required fields are marked *