အမျှ….အမျှ ရုပ်ရှင် အဖွဲ့သားများက အောက်တိုဘာလ ၆၇က်နေ့တွင် အလှူဒါန်းများ ပြုလုပ်ခဲ့ကြ – Myanmar Hot News
4th June 2023

အမျှ….အမျှ ရုပ်ရှင် အဖွဲ့သားများက အောက်တိုဘာလ ၆၇က်နေ့တွင် အလှူဒါန်းများ ပြုလုပ်ခဲ့ကြ

အမျှ… အမျှ ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောက်တိုဘာလတွင် စတင် ရုံတင်ပြသခဲ့ပြီး ပရိတ်သတ်များစွာရဲ့ အားပေးနှစ်သက်မှုကို ရရှိထားသော ဇာတ်ကားတပုဒ်လည်းဖြစ်ပါတယ်။
ထို ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့အနုပညာရှင်များကတော့ နိုင်ငံရဲ့ပြည့်သူအချစ်တော်အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီ ခန့်စည်သူနဲ့ အကယ်ဒမီ အိန္ဒြာ​ကျော်​ဇင်​ တို့ကပါဝင်အားဖြည့်ထားပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော ဇာတ်ကားကြီးဖြစ်ပါတယ်။

အမျှ……အမျှ ရုပ်ရှင် အဖွဲ့သားများက အောက်တိုဘာလ ၆ရက်နေ့တွင် သိမ်ဖြူလမ်းရှိ ကက်သလစ်သီလရျင်လေးများ၏ လူအိုရုံတွင်အဖိုးအဖွားများအားတွေ့ဆုံပြီး စောင်များ ရေနွေးဓါတ်ဗူးများနှင့် နေ့လည်စာကိုပါ ကျွေးမွေးလှူဒါန်းပေးအပ်ခဲ့ပါတယ်။

ထို့အပြင် ထိုနေ့ညနေတွင် မန္တလေးမြို့ရှိ ရတနာအောင်မြေ မိဘမဲ့ကလေးများပြုစုစောင့်ရှောက်ရေးကျောင်းတွင်လဲ စာသင်ကိုရင်များနှင့် ကလေးငယ်များအားလုံးအတွက် စောင်များ၊အမှတ်တရအင်္ကျီများ ပေးအပ်ပြီး ညစာကျွေးမွေး လှူဒါန်းခဲ့တဲ့ ပုံရိပ်ကလေးများကို စုစည်းတင်ပြလိုက်ပါတယ်။

source; Myanmar Celebrity

Leave a Reply

Your email address will not be published. Required fields are marked *