
ပရိတ်သတ်တွေရဲ့ အသည်းကျော် မင်းသမီးလေးတွေ ဖြစ်တဲ့ မိုးဟေကိုနဲ့ ခိုင်သင်းကြည်ဟာ လက်ရှိအချိန်ထိ နောက်ပေါက်မင်းသမီးတွေနဲ့ အပြိုင်ကို ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိထားဆဲဘဲဖြစ်ပါတယ်။ အနုပညာ ညီအစ်မတွေ ဖြစ်ကြတဲ့ သူတို့နှစ်ယောက်ဟာ အပြင်မှာလည်း အရမ်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်နဲ့ ရင်နှိးတဲ့ ဆက်ဆံရေးရှိကြပါသေးတယ်။

မခိုင်လေးကတော့ လတ်တလော ကားရိုက်တွေ ပွဲတက်တွေနဲ့ အမြဲ လိုလို တက်တက်ကြွကြွနဲ့ အနုပညာ အလုပ်တွေကိုလုပ်လျက်ရှိပါတယ်။
မိုးကတော့ အနုပညာ အလုပ်တွေ အပြင် Moe production “ပါ တည်ထောင်ထားကာ ဇာတ်ကားများရိုက်ကူးလျက်ရှိပါတယ်။လတ်တလော သူမပါဝင်ထားတဲ့ “ပပဝတီ စီရင်ခန်း ဇာတ်ကားကလည်း မကြာခင်မှာရုံတင်တော့မှာဖြစ်ပါတယ်။

ခိုင်လေးနဲ့ မိုးက သူတို့ နှစ်ယောက်ရဲ့ ရင်းနှီး ကျွမ်းဝင်မှာတွေကို ပြောပြလာပါတယ်” နှစ်ယောက်က ရှုတင်တွေမှာဆိုရင် မုန့်တွေစားကြတယ် သူလုပ်တဲ့ မုန့်တွေ ကိုယ်ယူလာတာတွေ စား စားလိုကုန်ရင် ဘယ်ဆိုင်ကောင်းလဲစုံစမ်း ကိုယ့်အခန်းမပါသေးရင် hotpotသွားစားသေးတယ် အစားတလိုင်းတွေပါ ” ဟု သူတို့နှစ်ယောက်ရဲ့ အစားမက်တာချင်းတူပုံလေးကိုပြောပြလာပါတယ်။

Source momolay tv