”ကမ္ဘာနှစ်ထပ်” ရုပ်ရှင် ဇာတ်ကားကြီး ရဲ့ အထူးပြပွဲကို အောက်တိုဘာ ၇ရက်နေ့တွင် JCGV ရုပ်ရှင်ရုံတွင် ပြသခဲ့ – Myanmar Hot News
31st March 2023

”ကမ္ဘာနှစ်ထပ်” ရုပ်ရှင် ဇာတ်ကားကြီး ရဲ့ အထူးပြပွဲကို အောက်တိုဘာ ၇ရက်နေ့တွင် JCGV ရုပ်ရှင်ရုံတွင် ပြသခဲ့

”ကမ္ဘာနှစ်ထပ်” ရုပ်ရှင် ဇာတ်ကားကြီး က ရုံတင်မပြသမှီ အချိန်တွင်း မှာပဲ ပရိတ်သတ်များရဲ့ ဂရုစိုက် အာရုံစိုက်ခြင်း ခံထားရတဲ့ ဇာတ်ကားကြီး တစ်ခုဖြစ်ပာတယ်။

ဇာတ်လမ်းရဲ့ အဓိက ဖွဲ့စည်းတည်ဆောက် ပုံမျိုး မှာ ဖခင် မေတ္တာ ကို ဦးစားပေးဖော်ပြထားပြီ ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်ပုံမှာလဲ ခိုင်မာလှပြီး ဖခင်တစ်ဦး မှ သမီးတစ်ယောက်အပေါ် ချစ်ပုံ စိုးရိမ် ပူပန်မှုတို့ကို အသာပေးရိုက်ကူးထားသော ဇာတ်ကားကြီးတစ်ပုဒ်ဖြစ်ပါတယ်။

ဇာတ်ကားအများစုမှာ မိခင်မေတ္တာကိုသာ ပုံဖော်ရိုက်ကူး မှုများသော်လည်း ဖခင်မေတ္တာ ဖော်ကျူးသော ရုပ်ရှင် ဇာတ်ကားမှာ နည်းပါသောကြောင့် ”ကမ္ဘာနှစ်ထပ်” ရုပ်ရှင် ဇာတ်ကားကြီးမှာ တမူထူးခြားသော ဇာတ်ကားဖြစ်ပြီး သရုပ်ဆောင်များအနေဖြင့် နိုင်နိုင်း ၊ မေကဗျာ ၊ ကလေးသရုပ်ဆောင် ပြည့်ပြည့် တို့က အဓိက ဦးစားပေး သရုပ်ဆောင်များအဖြစ် ပါဝင်အားဖြည့်ထားပါတယ်။


Source; Popular Journal

Leave a Reply

Your email address will not be published. Required fields are marked *