
မေမြင့်မိုရ်လေးကတော့ Forever Group ရဲ့ ဇာတ်လမ်းတွဲလေး ဖြစ်တဲ့ ” ပန်းနုသွေး ” ဇာတ်လမ်းတွဲတွင် ပန်းနုသွေးဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ခဲ့ ပြီး လူငယ်ကော လူကြီးပါ ကြိုက်နှစ်သက်ရပြီး ချစ်စရာကောင်းသော မင်းသမီးလေးဖြစ်ပါတယ်။


သူမကတော့ အနုပညာအလုပ်များကို ဆက်တိုက်လုပ်ကိုင်လျက် ရှိပြီး တနေ့တခြားဆွဲဆောင်မှု ရှိရှိ ပိုမိုလှပလာကာ ပုရိသတွေရဲ့ အသည်းကျော် လေး တစ်ဦးလည်းဖြစ်ပါတယ်။
မေမြင့်မိုရ်က အခုအခာ မော်လမြိုင်မြို့ကိုရောက်ရှိနေပြီး စိန်နန်းတော်ရဲ့ အထူးဈေးရောင်းပွဲလေးသို့ တက်ရောက်ဖို့ ရှိနေတာလဲဖြစ်ပါတယ်။

စိန်နန်းတော်ရဲ့ အထူးဈေးရောင်းပွဲလေးကတော့ အောက်တိုဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ Ocean Supercenter တွင် ကျင်းပသွားမှာဖြစ်ပြီး မေမြင့်မိုရ်လေးကတော့ စိန်နန်းတော် Diamonds & Fine Jewelry ကိုဝတ်ဆင်ကာ အနီရောင်ဝတ်ဆုံလေးဖြင့် ရင်သပ်ရှုမောဖွယ် လှပနေပါတယ်။

Source ; Myanmar Celebrity