မကြာခင် ထုတ်လွှင့်ပြသတော့မယ့် မြန်အိုင်ဒေါ Season 4 မှာ ပါဝင်မယ့် ဒိုင်လူကြီးများ စာရင်း – Myanmar Hot News
22nd March 2023

မကြာခင် ထုတ်လွှင့်ပြသတော့မယ့် မြန်အိုင်ဒေါ Season 4 မှာ ပါဝင်မယ့် ဒိုင်လူကြီးများ စာရင်း

မြန်မာပရိသတ်တွေ အကြားမှာ အောင်မြင်ခဲ့တဲ့ TV အစီအစဉ်တွေထဲကတစ်ခုဖြစ်တဲ့ Myanmar Idol အစီအစဉ်ဟာဆိုရင် Season 4 အဖြစ်မကြာခင်မှာပရိသတ်အကြားကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အစီအစဉ်ရဲ့ Season အလိုက်မှာ အများစိတ်ဝင်စားအောင် ဒိုင်များကို ပြောင်းလဲပါဝင်စေခဲ့သလိုယခု Season 4 မှာလည်း ဘယ်သူတွေကို ဒိုင်းအဖြစ် ဆောင်ရွက်စေမယ်ဆိုတာဟာ ပရိသတ်ကြီးနဲ့တကွ ပြိုင်ပွဲဝင်မယ့် အဆိုရှင်တွေက အထူးပဲ စိတ်ဝင်စား နေခဲ့တာဖြစ်ပါတယ်။

အခုတော့ ဒီစိတ်ဝင်စားမှုကြီးအတွက် တိကျတဲ့ အဖြေတစ်ခု ထွက်ပေါ်လာပါပြီ။ ဒါကတော့ Season 4 ရဲ့ ဒိုင်လူကြီးများစာရင်းကို ထုတ်ပြန်ပေးလိုက်တာ ကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်သူတွေ ဒိုင်ဖြစ်ပြီး ဘယ်သူက တင်ဆက်မှာလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်။

Season 4 ရဲ့ ဒိုင်တွေကတော့

(၁) ပရိုဂျူဆာ၊ ဒါရိုက်တာ၊ အယ်ဒီတာ၊ lead guitarist၊ ဂီတမှူး၊ သီချင်းဖန်တီးသူ/ရေးစပ် သီဆိုသူ စတဲ့ ဂုဏ်ပုဒ်တွေနဲ့အများသိထားကြတဲ့ နိုင်ငံကျော် “အောင်ကိုလတ်”

(၂) နိုင်ငံကျော် အဆိုရှင်ဖြစ်တဲံ မတင်ဇာမော်

(၃) နိုင်ငံကျော် အဆိုတော် တစ်ဦးဖြစ်ပြီးတော့ နိုင်ငံခြား အဆိုတော်တွေနဲ့ပါ ပူးတွဲတင်ဆက်နိုင်တဲ့ ဖြူဖြူကျော်သိန်း တို့ဖြစ်ပြီးတော့

(၄) အစီအစဉ်တင်ဆက်သူကတော့ အားလုံး သိထားကြတဲ့ မီးလေးခနမှိတ်ပေးပါဆိုတဲ့ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးရေ ဒိုင်လူကြီးနဲ့ တင်ဆက်ပေးမယ့်သူတွေ စာရင်းလည်း သိရပြီဆိုတော့ မကြာခင်မှာ ရောက်ရှိလာတော့မယ့် Season 4 က ဘယ်လိုစိတ်လှုပ်ရှားစရာတွေကို တင်ဆက်ပေးသွားပြီးတော့ ဘယ်လို အဆိုရှင်တွေ ထွက်ပေါ်လာမယ်ဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြရအောင်လားခင်ဗျာ

Leave a Reply

Your email address will not be published. Required fields are marked *