
ပရိသတ်တွေ ချစ်ခင်ရတဲ့ ခရစ္စတီးနားကတော့ ချစ်စရာမျက်နှာ လေးရှိပြီး ဇာတ်ပို့ သရုပ်ဆောင်ပိုင်းတွင်သာမက ဇာတ်ဆောင်နေရာ မှာပင်ပိုင်နိုင်စွာ ချပြသရုပ်ဆောင်နိုင်သော မင်းသမီးတစ်လတ်ဖြစ်ပြီး အခုနောက်ပိုင်း အနုပညာနှင့် ဝေးကွာနေသူတစ်ဦး လည်းဖြစ်ပါတယ်။


အောက်တိုဘာလ ၈ရက်နေ့ကတော့ သူမရဲ့ မွေးနေ့လေးဖြစ်ပြီး အနုပညာမောင်နှမတွေကို ဖိတ်ကြားပြီး ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးစေခဲ့ပါတယ်။

ထိုမွေးနေ့ပွဲလေးကို အနုပညာမောင်နှမတွေဖြစ်ကြတဲ့ ပွင့်နဒီမောင်၊ဖူးပွင့်သခင်၊သားစိုး တို့တက်ရောက်ခဲ့ကြပါတယ်။
သူမရဲ့ မွေးနေ့ပါတီလေးကို ချစ်တဲ့ သူငယ်ချင်း ၊ မိတ်ဆွေများနဲ့အတူ ရန်ကင်း၊မိုးကောင်းလမ်းတွင် တည်ရှိသော Friends Way Bar & Lounge တွင် ကျင်းပပြုလုပ်ခဲ့ပြီ အမှတ်တရ များစွာဖြင့် ပြုလုပ်ပြီးစီးခဲ့ပါတယ်။

Source; Myanmar Celebrity