
နှင်းဆီလှေ အငြိမ့်ဖွဲ့ ကတော့ ပရိသတ် အချစ်တော်တွေ ပောင်းစပ်ထားပြီးဒာရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ခေါင်းဆောင်သော အနုပညာအဖွဲ့လေးဖြစ်ပါတယ်။


အောက်တိုဘာလ၄ရက်နေ့တွင် အင်းလျားလိတ်ဟိုတယ်အတွင်း ကပြဖော်ဖြေခဲ့သောပွဲမှာ သဘာဝဘေးဒဏ်ခံစားနေရသော ဒေသများသို့ ပြန်လည်ထူထောင်ရေးအတွက် ရံပုံငွေပွဲဖြစ်ပြီး ထိုပွဲတွင် ထွန်းထွန်းမှ Sinon အဖြစ် သရုပ်ဖော်ကပြခဲ့ပါတယ်။


“တချို့သူတွေရဲ့ ဝေဖန်မှု တွေလဲရှိတာပေါ့ ဒာမယ့် သူကိုယ်တိုင်ကလဲသဘောကျတယ်ထင်ပါတယ် ပြန် Share ထားတာလဲတွေ့ရတယ် သူကိုသဘောကျတာတစ်ခုရှိတယ် သူက သူ့ပုံစံအတိုင်းသူနေတယ် ပြီးတော့ စာနာစိတ် မေတ္တာ တရားပြည့်ဝသူဖြစ်တယ် အာ့အချက်လေးကိုတော့ကြိုက်တယ် ဆုံဖြစ်ရင်တော့တွေ့ချင်ပါတယ် ” လို့ ထွန်းထွန်းကပြောပြခဲ့ပါတယ်။

Source ; O Media