
လူငယ်ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ကောင်လေး အုပ်စိုးခန့်ဟာ လက်ရှိမှာတော့ သူဝါသနာဝါတဲ့ သီချင်းတွေကိုသီဆိုရင်း အနုပညာ လမ်းကြောင်းပေါ်ပျော်ပျော်ကြီးလျှောက်လှမ်းနေပါတယ်။အုပ်စိုးခန့်ဟာ လူငယ်ကြိုင်သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုခဲ့သလို လတ်တလော ရုံတင်ပြသတော့မယ့် အခမ်းနားဆုံးမေတ္တာ ဇာတ်ကားရု့ ဇာတ်ဝင်တေးသီချင်းကိုလည်း သီဆိုထားပါသေးတယ်။


ဂီတကိုငယ်စဉ်ကတည်းက ရူးသွပ်ခဲ့တဲ့ အုပ်စိုးခန့်ဟာ သူ့ရဲ့ ငယ်စဉ် ဘဝတစ်လျှောက် အနုပညာ နဲ့ ပတ်သတ်တဲ့ အမှတ်တရတွေကို ပရိတ်သတ်တွေအတွက်တင်ထားခဲ့ပါတယ်။
အုပ်စိုးခန့်ဟာသီချင်းကို ဖေဖေနဲ့မေမေ မသိအောင် laptop လေးနဲ့ record လုပ်ပီးခိုးဆိုခဲ့ရပါတယ်။ သူ့ရဲ့ I need your love နဲ့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ သီးချင်းလေးကလည်း ပရိတ်သတ်အကြိုက်တွေ့စေခဲ့ပါတယ်။


” The Number One ” ဆိုတဲ့ Album လေးဟာလည်း အရောင်းရဆုံး Top 10 စာရင်းဝင်ခဲ့ပါတယ်။ အုပ်စိုးခန့်ဟာ သူ့ရဲ့ ဘဝအမှတ်တရတွေကို တစ်ပုံချင်းစီ ပရိတ်သတ်တွေအတွက် ဝေမျှထားခဲ့ပါတယ်။ ပရိတ်သတ်တွေအတွက် အုပ်စိုးခန့်ရဲ့ ပမှတ်တရ ပုံရိပ်လေးတွေကိုဖော်ပြလိုက်ပါတယ်။

Photo Source Oaksoe khant