
ပရိတ်သတ်တွေကြား ပျော်ပျော်ရွင်ရွင်နေတတ်ပြီး ပွင့်လင်းတဲ့ဘသူမရဲ့အပြုအမူလေးကြောင့် နာမည်ကြီးသူပါ။ သုသုကအနုပ ညာ လောကမှာ နာမည်ကြီး တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။မကြာသေးခင်ကဘဲ ကျားကျားကြိုက်ကြိုက် ဇာတ်ကားကို သူငယ်ချင်းဖြစ်သူ လင်းလင်း ၊မထက်၊ခင်စန်းဝင်းတို့နဲ့အတူ ဟာသ ဇာတ်ကားလေး ၇ိုက်ကူးခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ရရှိထားပါသေးတယ်။


လတ်တလောမှာတော့သုသုဟာ သူငယ်ချင်းဖြစ်သူ လင်းလင်းနဲ့ ဗုဒ္ဓ ဂါယာကိုဘုရားထွက်နေတယ်ဟုသိရပါတယ် သုသုတစ်ယောက်က ဗုဒ္ဓဂါယာရောက်ချိန်မှာ ဆုတစ်ခုကိုတောင်းခဲ့တဲ့အကြောင်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။

သုသုက”ဆုတောင်းခဲ့တယ်ဖြစ်လေရာဘဝ ယောကျာ်းဖြစ်လည်းယောကျာ်းစင်စစ်ဧကန်ဖြစ်မိန်းမဖြစ် လည်း မိန်းမစင်စစ် ဧကန်ဖြစ်ယခု ဘဝမှာတော့ မိန်းမလျာ ဖြစ်ပြီး သာသနာပြုရလို့ကျေနပ်ပါတယ်”ဟု ဆုတောင်းထားခဲ့ပါတယ်။
သုသုတစ်ယောက်ဟာ အမြဲလိုလို ပရိတ်သတ်တွေကိုရယ်မောပျော်ရွှင်အောင်လုပ်ပေးတတ်ပြီး ရရှိတဲ့ ဘဝနဲ့ အပျော်ဆုံးဖြစ်အောင်နေတတ်သူဘဲ ဖြစ်ပါတယ်။ သုသုနဲ့ လင်းလင်းတို့ရဲ့ ဗုဒ္ဓဂါယာရောက်ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်။

Source Nyi nyi maung