
ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ မင်းသမီးချောလေး မယ်လိုဒီကတော့ လက်ရှိမှာ သားလေးတစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို တည်ထောင်ထားသူပါ။ ကံကောင်းလွန်းတဲ့ မယ်လိုဒီကတော့ အင်မတန်မှ လိမ္မာရေးခြားရှိတဲ့ သားလေး သိန္ဒိစစ်ကို ပိုင်ဆိုင်ထားခဲ့ပြီး အခုဆိုရင် သားသားလေးက ၄နှစ်ရှိနေပြီဘဲဖြစ်ပါတယ်။သားလေးသိန္ဒိစစ်က ဘာသာတရားကိုကိုင်းရှိုင်းသူမို့ ပရိတ်သတ်တွေကပါ ချစ်ခင်နေရတဲ့ သားလေးဘဲဖြစ်ပါတယ်။


မင်းသမီးချောမယ်လိုဒီက လက်ရှိအချိန်မှာတော့ တည်ငြိမ်ရင့်ကျက်မှုအပြည့်နဲ့ လှနေတဲ့ အမျိုးသမီး တစ်ဦးအဖြစ်ပရိတ်သတ်တွေ တွေ့ရမှာပါ။ မိသားစုဘက်ကိုလည်း အချိန်ပေးရင်းအနုပညာ အလုပ်တွေကိုလည်း နိုင်သလောက်လုပ်ကိုင်နေတဲ့သူဘဲ ဖြစ်ပါတယ်။

မယ်လိုဒီကတော့ သူမရဲ့ ယနေ့အချိန်အထိပိုလှနေရတဲ့ အကြောင်းတွေကိုပြောလာပါတယ် ” အပြက်မှာပိုချောတယ်လို့ ပရိတ်သတ်တွေ ပြောရင် ရင်က ဒိန်းကနဲ့ ဖြစ်သွားပြီး အရမ်းပျော်တယ် အမကကံကောင်းတယ် ဘယ်လောက် stressများများ ချောလှနေတာက ရပ်မသွား..စတာပါအမ လုပ်ရမယ့်အခက်အခဲရှိရင်ရင်ဆိုင်လိုက်တယ် ရအောင်လုပ်လိုက်တယ် ပြီးတော့ အခုဆို တရားထိုင်တယ် အဲ့တာကြောင့် ကြည့်ကောင်းနေတာနေမှာပါ” ဟုပြောသွားပါတယ်။
တကယ်လည်း မင်းသမီးချောမယ်လိုဒီဟာ အခုချိန်ထိ အရက်လိုဘု လှဆဲဘဲနော်။ ပရိတ်သတ်တွေအတွက်မယ်လိုဒီရဲ့ပုံလေးတွေကိုတင်ပေးလိုက်ပါတယ်။

Source MC,Melody myo