သီတင်းကျွတ်​အမှတ်​တရ​တွေကို​ပြောပြလာတဲ့​နေတိုး – Myanmar Hot News
30th May 2023

သီတင်းကျွတ်​အမှတ်​တရ​တွေကို​ပြောပြလာတဲ့​နေတိုး

ပရိတ်​သတ်​ချစ်​တဲ့ မင်းသား​ချောကြီး ​နေတိုးက​တော့ ကျရာဇာတ်​ရုပ်​ကိုပိုင်​နိုင်​စွာသရုပ်ေ​ဆာင်​နိုင်​ပြီး အမြို့မြို့ အနယ်​နယ်​ကပရိတ်​သတ်​​တွေရဲ့အား​ပေးချစ်​ခင်​ခြင်းကို ရရှိထားသူပါ။လက်​ရှိအချိန်​ထိကို တစ်​ကိုယ်​တည်းရပ်​တည်​​နေပြီး အနုပညာအ​ပေါ်ဘဲ စိတ်​နှစ်​ထားကာ ကြိုးစား​နေသူဖြစ်​ပါတယ်​။မင်းသား​ချော​နေတိုး ဟာ အနုပညာ​လောကမှာ ဆယ်​စုနှစ်​​ကျော်​​ကျော်​ထိကိုရပ်​တည်​​နေခဲ့​ပေမယ့်​ အရင်​တုန်းကအတိုင်းပင်​ နုပျို သွက်​လက်​​နေတုန်းပါဘဲ။

ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ပြသပေးနေခဲ့တဲ့ နေတိုးကတော့ လတ်တလောမှာလည်း မင်းသမီးချော နေခြည်ဦးနဲ့အတူသရုပ်​​ဆောင်​ထားတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ကားကြီးကလည်းရုံတင်​ပြသ​နေပါပြီ။

ထိုကားမှာ တည်တည်ငြိမ်ငြိမ်ဇာတ်ရုပ်နဲ့ ဦးတက်လူနိုင် နေရာကနေ သရုပ်ဆောင်ထားတဲ့ နေတိုးကို ပရိတ်​သတ်​​တွေမြင်​​တွေ့ရဦးမှာပါ။

သီတင်းကျွတ်​ရာသီ​လေးလည်းဖြစ်​တာမို့ ​နေတိုးက သူရဲ့ သီတင်းကျွတ်​ အမှတ်​တရ ​တွေကို​ပြောလာပါတယ်​ ​နေတိုးက”ငယ်​ဘဝသီတင်းကျွတ်​ အမှတ်​တရ ကတော့ မီး​တွေထွန်း လူကြီးသူမ​တွေကို ကန်​​တော့တာ​တွေရှိပါတယ်​ ဒီနှစ်​က​တော့ ပုံမှန်​တိုင်းပါဘဲ မိဘ​တွေကန်​​တော့မယ်​ ကန်​​တော့ခံ​နေရပါပြီ ကိုယ်​တင်​​​ပေးလက်​တွဲ​ခေါ်ခဲ့တဲ့မင်းသားမင်းသမီး​တွေ ပြီး​တော့ ကျွန်​​တော့ studioက က​လေး​တွေ တူ​တွေတူမ​တွေ လာကန်​​တော့မှာပါ”ဟု​ပြောပြသွားပါတယ်​ ။
နေတိုးက ပရိတ်​သတ်​​တွေအားလုံးကိုလည်း ​ပျော်​ရွင်​စ​ရာသီတင်းကျွတ်​​လေးဖြစ်​ဖို့ ဆု​တောင်း​ပေးသွားပါ​သေးတယ်​။

Source myanmarcele7

Leave a Reply

Your email address will not be published. Required fields are marked *