
ပရိတ်သတ်တွေရဲ့ အားပေးမှု ကိုအပြည့်အဝရှိထားတဲ့ နေခြည်ဦး ဟာ beauty bloggerအဖြစ်နဲ့ နာမည်ကြီးရုံသာမက လက်ရှိမှာ မင်းသမီး တစ်လက်ဖြစ်နဲ့ပါရပ်တည်နေပြီဖြစ်ပါတယ်။
အရာရာကိုကြိုးစားလုပ်ကိုင်တတ်တဲ့နေခြည်ဟာ စီးပွားရေးဘက်မှာ ရော အောင်မြင်မှုတွေ ရရှိထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

နေခြည်ဦးဟာ လက်ရှိမှာ အောင်မြင်နေတဲ့ မင်းသမီးတစ်လက်အဖြစ်ပါပရိတ်သတ်တွေရဲ့ အားပေးမှုကို၇ရှိနေပြီ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ရန်သူ ဇာတ်ကားမှာ ထုတ်ပြခဲ့ပြီးနောက် ပရိတ့သတ်လက်ခံကာ ရုပ်ရှင်ဇာတ်ကားများစွာကို လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။


လတ်တလော ရုံတင်ပြသနေတဲ့ အခမ်းနားဆုံးမေတ:-) တာ ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားပြီး နေခြည်ပတွက် လုပ်ကွက်ရတဲ့ ဇာတ်ကားလေး ဘဲဖြစ်ပါတယ်။ အချစ်ဇာတ်ကားလေးကို နေခြည်က မင်းသားချော နေတိုးနဲ့အတူ အပြိုင်သရုပ်ဆောင်ရတာဖြစ်ပြီး ယင်းဇာတ်ကားရိုက်ကူးရာမှ ကိုနေတိုးဆီက အကူအညီများစွာလည်းရခဲ့တယ်လို့ဆိုပါတယ်” ဒီဇာတ်ကားလေးက နေခြည်အရမ်း လုပ်ကွက်ရတဲ့ ဇာတ်ကားလေးပါ နေခြည့်ရု့ သရုပ်ဆောင်မှုကို အကဲခတ်ချင်လို့ လာကမ်းလှမ်းထားတဲ့ ဇာတ်ကာဆိုတော့ နေခြည် စိတ်ထဲကအတိုင်းသရုပ်ဆောင်ရုံဘဲ ကိုနေတိုးကလည်း လက်တွဲခေါ်တယ် ကိုနေတိုးနဲ့ တစ်ချို့အခန်းတွေဆို နေခြည် အသာလေးလိုက်သွားရုံဘဲ ” ဟု စီနီယာဖြစ်သူနေတိုးရဲ့ သင်ပြမှုတွေကိုပြောပြလာပါတယ်။

လက်ရှိမှာတော့ နေခြည်ဦးက 7th Sense Creation မှ ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကား နဲ့အတူ အိပ်မက်တွေမိုးထားတဲ့အိမ် ရုပ်သံဇာတ်လမ်းတွဲကို မိုရီဆာကီဝင်းတို့နဲ့အတူရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ဒေါင်းနဲ့လည်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေး လုပ်နေပါတယ်။

Source celegabar