
” ပျားရည်အိုင် ”နဲ့ ” ကျမကမဟေသီ ” ဇာတ်လမ်းတွဲကြီးတွေမှာလည်း သူရဲ့ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်စွမ်းရည်များကြောင့် ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသားချော အောင်ရေချမ်းဘဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေတဲ့ သရုပ်ဆောင်အောင်ရေချမ်းကတော့ လက်ရှိမှာလည်း အနုပညာ အလုပ်တွေကိုမနားတမ်းလုပ်ကိုင်နေပြီး ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အောင်ရေချမ်း ဟာ အနုပညာလောကထဲကို ဝင်ရောက်လာတာ (၁၀)နှစ်တိတိပြည့်မြောက်သွားပြီပဲဖြစ်ပါတယ်။ အောင်ရေချမ်းက သူရဲ့ အနုပညာ လောကထဲကို စတင်ဝင်ရောက်ခဲ့တုန်းက ပုံလေးကိုဖော်ပြထားပါတယ် အနုပညာသက်တမ်း (၁၀)နှစ်ပြည့်တဲ့ အကြောင်းကို “10 Years Anniversary. With my Job”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာဘဲဖြစ်ပါတယ်။

ပရိတ့သတ်တွေအတွက် အောင်ရေချမ်းရဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ပုံလေးကိုဖော်ပြလိုက်ပါတယ်နော်။

Source Aung yay chan