
သရုပ်ဆောင်မင်းသားချော တိုင်ရွှန်ကတော့ တောင့်တောင့်တင်းတင်းခန္ဓာကိုယ်နဲ့ မိန်းကလေးပရိတ်သတ်တွေကို ဆွဲဆောင်ထားနိုင်သူပါ။ဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ကာ ပရိတ့သတ်အခိုင်အမာနဲ့ ရပ်တည်နေသူဖြစ်ပါတယ်။

တိုင်ရွန်ဟာ လက်ရှိမှာလည်း ဇာတ်လမ်ူတွဲတွေနဲ့ ဇာတ်ကားများကို လက်ခံရိုက်ကူးနေကြီး ပရိတ်သတ်တွေနဲ့ အဆက်သွယ်မပြတ်ရှိနေပါတယ်။

တိုင်ရွှန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်တဲ့ ” အခမ်းနားဆုံးမေတ္တာ ” ဇာတ်ကားဟာလည်း ရုံတင်နေပြီ ဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားပါသေးတယ်။
တိုင်ရွှန်ဟာ ယင်းဇာတ်ကားလေးမှာ မင်းသားကြီး နေတိုးနဲ့ အတူတူ တွဲ သရုပ်ဆောင်ရတာဖြစ်ပြီး သူအနေနဲ့ မင်းသားကြီးနေတိုးရဲ့ အပြုအမုပေါ် အများကြီး အတုယူခဲ့၇တယ်လို့သိရပါတယ်။

” ကိုနေတိုးက တကယ်ကို လေးစားဖို့ကောင်းတယ် ရှုတင်ဆိုလည်းအစောကြီးရောက်တယ် နောက်ကျတဲ့ ထိရိုက်နေလည်း မငြီးမငြူ ဘူး ညဘက်နောက်ကျလည်း မနက်ကျ စောစောရောက်တာဘဲ အသစ်တွေအပေါ်လည်း စိတ်တော်တော်ရှည်တယ် အိုက်တင်လည်းအရမ်းကောင်းတယ် သူ အိုက်တင်ဖြုတ်လိုက်ရင် အခြားတစ်ယောက်လိုဘဲ အရမ်းအေးအေးဆေးဆေးရှိတယ်” ဆိုပြီး မင်းသားချောနေတိုးရဲ့ အတုယူဖွယ်လေးတွေကိုပြောပြလာတာပါ။
မင်းသားချော နေတိုးကလည်း အခုလို အလုပ်မပေါ် တန်ဖိုးထားမှုကြောင့် တစ်နိုင်ငံလုံးရဲ့ အားပေးမှုကိုရရျိနေတာဘဲ ဖြစ်ပါတယ်။
