ဆီးဂိမ်းအတွက် အပြီးသတ်ကစားသမား ၄ ဦးစာရင်းမှာ သက်ထားသူဇာ ပါဝင် – Myanmar Hot News
2nd June 2023

ဆီးဂိမ်းအတွက် အပြီးသတ်ကစားသမား ၄ ဦးစာရင်းမှာ သက်ထားသူဇာ ပါဝင်

သက်ထာားသူဇာ ဆီးဂိမ်းမပြိုင်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အဖွဲ့ချုပ်နဲ့သက်ထားသူဇာရဲ့ အဖေက ရှင်းလင်းထားတာပါ။မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်က အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဝင်ကစားမယ့် မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစား သမားတွေကို ရွေးချယ်ထားရာမှာတော့ နိုင်ငံ့ဂုဏ်ဆောင် သက်ထားသူဇာလည်း အပါ အဝင်ဖြစ်တယ်လို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ကျွန်တော်တို့ ဆီးဂိမ်းအတွက် ကျား ၂ဦး၊မ ၂ဦးရွေးချယ်မှာပါ။သက်ထားသူဇာက နံပါတ်တစ်ပဲ ရွေးချယ်ရမှာ ပေါ့။ရွေးလည်း ရွေးထားပါတယ်။” လို့ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက Duwun Sports ကိုပြောပါတယ်။သက်ထားသူဇာက နိုင်ငံတကာ စီးရီးပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ကစားနေသူဖြစ်ပြီး နိုင်ငံဂုဏ်ဆောင် ရွှေ တံဆိပ်များစွာဆွတ်ခူပေးထားနိုင်သူပါ။ဒါပေမယ့်လည်း ဆီးဂိမ်းပြိုင်ပွဲက စီးရီးပြိုင်ပွဲတွေလို အမှတ်ရရှိမယ့် ပြိုင်ပွဲမဟုတ်တာကြောင့် အိုလံပစ် ပြိုင်ပွဲ အတွက် အမှတ်စုဆောင်းနေတဲ့ သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ပြုမှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

“ မဟုတ်ပါဘူး၊ အမှတ်မရဘူးဆိုပေမယ့် နိုင်ငံတော်အတွက် ကစားမှာပါ။ အခုလောလောဆယ်တော့ မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် အင်တာနေရှင်နယ်စီးရီးပြိုင်ပွဲကို ဝင်ကစားဖို့ရှိပါတယ်။လူစာရင်းရွေးချယ် ထားတဲ့ အထဲမှာလည်း သက်ထားသူဇာ ပါဝင်နေပါတယ်။ဆီးဂိမ်းကို ကျွန်တော်တို့ ဝင်ပြိုင်မှာပါ။” လို့ သက် ထားသူဇာရဲ့ အဖေက Duwun Sportsကို ပြောပါတယ်။သက်ထားသူဇာအနေနဲ့ ၂၀၂၀ တိုကျို အိုလံပစ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခွင့်ရေးရေး အတွက် ကိုယ်ပိုင် စရိတ်နဲ့ နိုင်ငံတကာကို သွားရောက်ပြိုင်ပွဲဝင်နေခဲ့တာ ဖြစ်ပါတယ်။ဆီးဂိမ်းပြိုင်ပွဲမှာ သက်ထားသူဇာ အောင်မြင်နိုင်မလား မအောင်မြင်နိုင်ဘူးလားဆိုတာကိုတော့ ပြိုင်ဖက် ကစား သမား စာရင်းကို ကြည့်ပြီးမှ သိနိုင်မယ်လို့လည်း သက်ထားသူဇာရဲ့ အဖေ ဦးထွန်းထွန်းဇော်က ပြောပါတယ်။

CRD-Duwun

Leave a Reply

Your email address will not be published. Required fields are marked *