ညီအစ်မနှစ်ဦးဆုံရင် ကိုရီးယားမင်းသားတွေအကြောင်းပဲပြောဖြစ်ပါတယ်ဆိုတဲ့ အယ်နီရှိုင်း နဲ့ အက်စတာဒွေး – Myanmar Hot News
6th June 2023

ညီအစ်မနှစ်ဦးဆုံရင် ကိုရီးယားမင်းသားတွေအကြောင်းပဲပြောဖြစ်ပါတယ်ဆိုတဲ့ အယ်နီရှိုင်း နဲ့ အက်စတာဒွေး

အသံပာဝာကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေနိုင်ပြီး ငယ်ငယ်လေးထဲက ဝာသနာထုံလွန်းသူတွေဖြစ်တဲ့ ညီအစ်မနှစ်ဦးကတော့ ” ဂီတတံခါးလေးဖွင့်ပါအုန်း ” ပြိုင်ပွဲတွင်ဝင်ရောက် သီဆိုယှဉ်ပြိုင်ခဲ့ပြီး နောက်ဆက်တွဲ ဂီတလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါတယ် ။

ညီအစ်မနှစ်ဦးက ငယ်ငယ်ကဆို အတူတူခရီးတွေထွက်ဖြစ်တယ် ။ ငယ်ငယ်ကတော့ ခနခနရန်ဖြစ်တယ် ကြီးလာတော့ ရန်သိပ်မဖြစ်တော့ပါဘူး ခရီးတွေကတော့ အတူတူထွက်ဖြစ်တယ် ။ အတူတူရှိနေရင်တော့ တခြားအကြောင်းတော့ သိပ်မပြောဖြစ်ပါဘူး ကိုရီးယား မင်းသားတွေအကြောင်းပဲပြောဖြစ်တယ် လို့ ပြောခဲ့ပါတယ်။

အယ်နီရှိုင်းလေးကတော့ မကြာသေးခင်က အသက် ၁၈ နှစ်ပြည့်ခဲ့တာဖြစ်ပြီး အက်စတာဒွေးကတော့ အယ်နီရှိုင်းထက် ၂လပဲကြီးပါတယ်။ သူတို့နှစ်ဦးဟာ ရှေ့လျောက်အနုပညာအလုပ်တွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ထူချွန်ပြောင်မြောက်ပြီး ပါရမီထူးကဲလှတဲ့ အနုပညာရှင်လေးတွေဖြစ်ပါတယ်။

Source; MC

Leave a Reply

Your email address will not be published. Required fields are marked *