
MRTV 4မင်းသမီးတွေထဲကမှ ပရိတ်သတ်အားပေးသဘောကျရတဲ့ မင်းသမီးတစ်လက်ဖြစ်တု့ ပိုးကြာဖြူခင်ဟာ ဇာတ်လမ်းတွဲများစွာကို ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ့သတ်တွေ ရဲ့ အားပေးချစ်ခင်မှုကိုရရှိထားသူပါ။

မိဘကိုသိတတ်တဲ့ပိုးကြာဖြူခင်ကတော့ သီတင်းကျွတ်မှာ လတ်ဝတ်ရတနာတွေနဲ့ အမေဖြစ်သူကိုကန်တော့ခဲ့ပါတယ်။ကန်တော့ခဲ့တာကတော့ စိန်ထည်ပစ္စည်းတွေဖြစ်ပြီး သိန်း(၈၀)ကျော်ဖိုးတောင်တန်ဖိုးရှိတာပါ။

ယခုလို အလိုက်တသိနဲ့ ကန်တော့ခဲ့တဲ့အတွက်ကြောင့် ပိုးကြာဖြူခင် ရဲ့မိခင်ကတော့အတော်လေးပျော်ရွှင်ခဲ့ရပါတယ်တဲ့နော်”သမီးလေးပိုးကြာဖြူခင် “ဆိုင်းမိုင် “ကသီတင်းကျွတ်လပြည့်နေ့ မှာ သိန်း၈၀ ကျော်ဖိုး စိန်ထည်ပစ္စည်းတွေနဲ့ surprise လုပ်ပြီးကန်တော့လိုက်တော့ အမေအရမ်းပျော်သွားတာပေါ့ နေမကောင်းဖြစ်နေတာတောင် ဘယ်နားရောက်သွားမှန်းမသိတော့ဘူး”ဟုဆိုပြီးပျော်နေတာဘဲ ဖြစ်ပါတယ်။

ဆိုင်းမိုင်လေးက တကယ်ကို အမေဖြစ်သူကို ပျော်ရွှင်အောင်လုပ်နိုင်ခဲ့ပါတယ်။ အနုပညာ အလုပ်ကိုလည်း ကြိုးစားလုပ်ကိုင်နေတဲ့ ဆိုင်းမိုင်းလေးကိုအားပေးချစ်ပေးလိုက်ဦးနော်။

Source Aye Aye Myint