
ချစ်စမ်းမောင်ဆိုတာ ဂီတလောကမှာ ဂီတာဘုရင်လို့တောင် တင်းစားခေါ်ဝေါ်လောက်ရအောင် ထူးချွန်ပြောင်မြှောက်တဲ့ ICရဲ့ ပင်တိုင် ဂီတာ တီးခက် သူတစ်ဦးဖြစ်ပြီး အတုယူဖွယ်ကောင်းတဲ့အနုပညာတစ်ဦးဖြစ်တဲ့အပြင် အနုပညာအမွေများကို သမီးငယ်လေးဖြစ်တဲ့ ငဲငယ်လေးကို လက်ဆင့်ကမ်းသင်ကြားပေးထားပါတယ်။


ငဲလေးကတော့ အဆိုပိုင်းကော အတီးပိုင်းပါ ပါပါးရဲ့ အမွေကို အ၇ယူထားပြီး ဂီတလျှောက်လှမ်းပေါ်မှာ လျောက်လှမ်းနေပြီဖြစ်ပြီး ပါပါးကိုအနိုင်ကျင့်သမျှ ” နင့်ကငါ့ကိုတော်တော်နိုင်တာပဲ ” လို့ပါပါးကအမြဲပြောတယ် ဒါမယ့်လဲ ပါပါးက ငဲလေးကိုအရမ်းချစ်တယ်လေ တခာတလေ ငဲလေးကတနေ့တခာ ဂီတာတီးဖို့ ပျင်းတယ်လေ အာ့အခါ ပါပါးကပဲ train ပေးပါတယ် လို့ပြောပြခဲ့ပါတယ်။


အခွေထွက်ဖို့ ကြိုးစားနေတဲ့ငယ်လေးကတော့ နောက်နှစ်လောက်ကြရင်တော့ ထွက်ဖို့စီစဉ်နေပါတယ် 20.02.2020 ရက်ကိုထောက်ပီး ထွက်နိုင်အောင်တော့ကြိုးစားနေပါတယ် ရသစုံအောင်လို့ တေးရေးဆရာတွေရဲ့ သီချင်းတွေကိုလဲပါဝင် ထည့်သွင်းဖော်ပြသွားမှာပါလို့ ပြောထားခဲ့ပါတယ်။

Source ; MC