
မကြာသေးခင်ကပင် “ကျွန်မက မဟေသီ”ဇာတ်လမ်းတွဲဖြင့် ပရိတ်သတ်အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူမကို မမေ့သေးဘူးလို့ထင်ပါတယ်။ “မြန်း”အဖြစ်နဲ့ ပရိတ်သတ်တွေ အသည်းတယားတယား အားပေးခဲ့ရပြီး ဇာတ်လမ်းတွဲလေး ဇာတ်သိမ်းသွားသည့်တိုင်အောင် တသတသ ဖြစ်နေရတုန်းပါဘဲ။

လက်ရှိမှာတော့ ဝင့်ယမှုန်နိုင်ဟာ ဇာတ်လမ်းတွဲများနဲ့ ကြောငြာများ အဆင်မပြတ်ရိုက်ကူးနေရပါတယ်။

ဒီနေ့မှာတော့ စံမြန်းလေးဟာခရီးတွေထွက် နေတာ ဖြစ်ပြီး ချောက်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ချောက်မြို့ရောက်နေတုန်း သူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ရိုက်ကူးရေးအချိန်တွေကို ပြန်လွမ်းမိကြောင်းကိုလည်း ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။

” ချောက်မြို့မှာ စိတ်၏ခြေရာဇာတ်လမ်းတွဲရိုက်တုန်းက တစ်လျှောက်လုံး ကိုယ့်အပေါ်လိုလေသေးမရှိ အစအဆုံးဂရုစိုက်ပေးခဲ့တဲ့ အန်တီ …. အညာရောက်တော့ ဝင်နှုတ်ဆက်ရင်း သီတင်းကျွတ်ဂါရဝပြုခဲ့တယ် ….. ပျော်လိုက်တာ စိတ်၏ခြေရာရိုက်တုန်းက လူတွေအကုန်ပြန်လွမ်းသွားတယ် ” ဆိုကာ အဖွဲ့သားတွေကို ပြန်လွမ်းနေတယ်လို့ရင်ဖွင့်ခဲ့ပါတယ်။

Source Wint Yamone Naing