
ပုရိသတွေကိုရူးခါသွားစေမယ့် ဘော်ဒီကောက်ကြောင်းကြောင့် နာမည်ကြီးတဲ့ မော်ဒယ်မင်းသမီးချောလေး ဘေဘီမောင်ဘဲဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုခပ်မှန်မှန်လေးလုပ်ကိုင်နေပြီး ချစ်သူသားဂန်းနဲ့ ပရိတ်သတ်တွေတောင်အားကျရလောက်တဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားပါပြီ။ပရိတ်သတ်တွေ အားကျလောက်အောင်ကိုချစ်တတ် ဂရုစိုက်တတ်တဲ့ သားဂန်းကြောင့် ဘေဘီမောင်တစ်ယောက် စိတ်ချမ်းသာနေရပါတယ်။

မ နဲ့မောင်အတွဲလေးဖြစ်တဲ့ သူတို့ဟာ စိတ်တူ ကိုယ်တူနဲ့ ရှေ့သွားနောက်လိုက်ညီပြီး လက်ရှိမှာလည်းဘအနုပညာ အလုပ်တွေကို နှစ်ယောက်တွဲဖက်ကာ လုပ်ကိုင်နေပါတယ်။
ဘေဘီမောင်ဟာ မိသားစုကိုချစ်ခင်တွာ်တာလွန်းသူပီပီ သူမရဲ့ မိသားစု အတူတကွနေထိုင်နိုင်မယ့်အိမ်လေးကိုကြိုးစားဆောက်ခဲ့ပါတယ်။

လက်ရှိမှာတော့ အိမ်လေးဟာ ပြီးလုဆဲဆဲဖြစ်နေတာမို့ မိသားစုစုံစုံလင်လင်နဲ့နေရတော့မှာမို့ပျော်နေပါတယ်” မိသားစုတွေ တစ်စုတစ်စည်းတည်းနေချင်လို့ပါ ပိုနွေးထွေးမှုရှိအောင်ပါ ဘုရားခန်းလေးနဲ့ ဘာသာရေးလေးသိပ့်လုပ်ချင်ခဲ့တာ အနုပညာ ကြေးနဲ့ရတာကိုဆောက်ရမယ်ဆိုရင်ဒီတစ်တစ်သက်အိမ်မရတော့ဘူး အပြင်စီးပွားရေးကရတာတွေလည်း ရှိတာ် အခုခြံလည်း ဘေဘီ မြေအရောင်းအဝယ်လုပ်ရင်းးကျန်ခဲ့တဲ့ ခြံလေးပါ” ဟုပြောလာပါတယ်။

ဘေ ဘီမောင်တစ်ယောက်အမကြီးအမိရာဆိုသလို မောင်လေးနဲ့ ညီမလေးတွေကိုလည်း ဂရုတစိုက် နဲ့ပြုစုစောင့်ရှောက်တတ်ပြီး အနုပညာ အလုပ်တွေကိုလည်းတစ်ဖက်တစ်လမ်းကကြိုးစားနေသူဖြစ်ပါတယ်။

Source MC