
MYANMAR IDOL မှ တစ်ဆင့် ပရိတ်သတ်တွေ ရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ ချမ်းမြေ့မောင်ချိုက လက်ရှိ မှာ အနုပညာ အလုပ်တွေ ကိုကြိုးစားလုပ်ကိုင်လျက်ရှိပြီး သူမရဲ့ ပရိတ်သတ်တွေ အတွက်ကြိုးစားလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်နေ့မှာပင် အသက်၂၀ပြည့်သွားခဲ့ပြီး ငယ်ရွယ်ပြီး တက်ကြွတဲ့သူမဟာ အနုပညာ အလုပ်တွေပို မာန်ပါပါ လုပ်ဆောင်လျက်ရှိနေပါတယ်။

မောင်ချိုလေးဟာ သူမရဲ့ တစ်ကိုယ်တော်အခွေလေး ထုတ်ဖို့စီစဉ်နေပြီဟုသိရပါတယ်။ ပထမဆုံး တစ်ကိုယ်တော်ခွေလေး ထုတ်မယ့် အကြောင်းကို ” မောင်ချို ဒီ ၁၁ လပိုင်းမှာထုတ်ဖို့လုပ်နေတယ် title လေးကို Eleven လို့ပေးထားတယ် ၁၁ ရက် ၁၁ လပိုင်းမှာထုတ်သွားမှာပါ သီချင်းလည်း ၁၁ပုဒ်ပါတယ် elevenပေးတာက မောင်ချိုရဲ့ voting no.လည်းဖြစ်သလို ပရိတ်သတ်တွေလည်း မောင်ချိုကို elevenနဲ့တွဲမြင်ကြတယ်” ဟုပြောပြသွားပါတယ် ။

ပရိတ်သတ်တွေ မောင်ချို့ရဲ့ တစ်ကိုယ်တော်အခွေလေးကိုအားပေးဖို့အသင့်ဘဲလား.

Source MC