
အနုပညာရှင်အချင်းချင်း ထိမ်းမြားလတ်ထပ်မယ့် ပွဲလေးကိုတော့ မကြာမှီ ပရိတ်သတ်တွေ တွေ့မြင်ရတော့မှာဖြစ်ပြီး အဆိုတော်ဖိုးသားနဲ့ မင်းသမီးချစ်စနိုးဦးတို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ လေးကိုတော့ အောက်တိုဘာ ၁၆ရက်နေ့မှာကျင်းပခဲ့ပါတယ်။


ပရိသတ်တွေကို သီတင်းကျွတ်လမှာ surprise လုပ်သွားတဲ့ အနုပညာရှင်တွေဖြစ်ပြီး သိုသိုသိပ်သိပ်နဲ့ Media အနည်းစု နှစ်ဘက်မိဘအသိုင်းအဝိုင်းနဲ့ ချစ်ခင်ရတဲ့ အနုပညာရှင် အချို့ကိုဖိတ်ကြားပြီး ပြုလုပ် ပြီးစီးစေခဲ့ပါတယ်။

ထို လက်မှတ်ရေးထိုးပွဲလေးကိုတော့ အောက်တိုဘာလ ၁၆ရက် Lotte Sapphire Ballroom မှာကျင်းပခဲ့ပြီး အခမ်းအနားလေးကို မိုးပြာရောင်လေးများဖြင့်စီချယ်ထားပြီး ၀တ်စုံလေးတွေကလဲ ကျက်သရေရှိလှကာ လိုက်ဖက်မှုနှင့်ပြည့်စုံနေသော စုံတွဲလေးတစ်တွဲအနေဖြင့် တွေ့မြင်ရပါတယ်။

Source ; 8 days TV