
မော်ဒယ်လောက ကနေ သရုပ်ဆောင်ဘက်ကိုကူးပြောင်းလာပြီး ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတဲ့ ခင်ဝင့်ဝါကတော့ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေပြီး အောင်မြင်မှုကလည်းပြောစရာမလိုလောက်အောင် ရရှိထားသူလေးဖြစ်ပါတယ်။


သူမပါဝင်သရုပ်ဆောင်ထားတဲ့ အကြင်နာမြစ်ဖျား ဇာတ်လမ်းတွဲလေးကဆိုရင်တော့ အောက်တိုဘာလ ၂၃ရက်နေ့မှာစတင်ပြသမှာဖြစ်ပြီး ချောစုကာရိုက်တာအဖြစ်ပါဝင်အားဖြည့်ထားတဲ့ ပါတယ် ။ ထိုဇာတ်ကောင် ကာရိုက်တာရဲ့ ကောင်မလေးကတော့ အချစ်ရေးမှာဆိုရင် နှလုံးသားထက် ဦးနှောက် ကို ဦးစားပေးစဉ်းစားတက်တဲ့ ဇာတ်ရုပ်အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။

အခုလောလောဆယ်တော့ အနုပညာအလုပ်တွေနဲ့ အလုပ်ရှုပ်နေပြီး ကိစ္စတစ်ခုကို ဆုံးဖြတ်ရင် ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးပါတယ်။ ဘာလို့ဆို ခုက တဖြည်းဖြည် အောင်မြင်မှုရရှိဖို့ကိုး ကြိုးစားနေတဲ့ အခြေအနေဖြစ်တာကြောင့် လို့သိရပြီး သူမအားတဲ့ အချိန်တွေမှာတော့ ၀တ္ထုဖတ်တယ် ရုပ်ရှင်ကြည့်တယ် သီချင်းနားထောင်တယ် လို့ပြောပြခဲ့ပါတယ်။

Source; PannPwint